M681E1251KC681MT681

ယေရုရှလင်သို့ ရောက်လာ

အသင်းတော်-သခင်ဘုရား၏ပြန်လည်ရယူခြင်း

21

Verse 1

ယေရုရှလင်သို့ ရောက်လာ

ဗာဗုလုန်နှင့် ပြတ်စဲပြီ

တစ်လုံးတစ်ဝ စုဝေးကြ

ဘုရားဘုန်းထင်ရှားစေ၊

သွန်သင်ခြင်းများ စွန့်လွှတ်

တွေးခေါ်ခြင်းများလည်း စွန့်ခဲ့

စိတ်မှဝိညာဉ်ကို ပိုင်းဖြတ်

ဒေသန္တရသင်းတော်၌။

chorus

ဟာလေလုယာ၊ ဟာလေလုယာ

သဘောတစ်ညီတည်းဖြစ်ကြ

သခင်၏တည်ဆောက်ခြင်းတွက်

ဟာလေလုယာ၊ ဟာလေလုယာ

ဒေသန္တရသင်းတော်များ၌ သက်ရှင်ပြီ။

Verse 2

ပြန်လည်ရယူခြင်း တိုးတက်

စစ်မှန်ယဇ်ပုရောဟိတ်များ

ခရစ်တော်၌ သက်ရှင်သူ

ဘုရားဘုန်းထင်ရှားစေ၊

သခင်ဘုရားနှင့် ပြည့်ဝ

ခရစ်တော် သူတို့ဆုလာဘ်

ဤတည်ဆောက်ခြင်းအလုပ်သည်

ဒေသန္တရသင်းတော်၌။

Verse 3

ဘုရင်ရိုက်ရာမြင်ရန်လို

ဘုရားအခွင့်အာဏာဖြင့်

ဤအုပ်စိုးခြင်း ဝန်ခံကြ

ဘုရားဘုန်းထင်ရှားစေ၊

ဝိညာဉ်တော်ကို ဝန်ခံမည်

အသင်းတော်အကျိုးအတွက်

ဤရာ ကိုယ်တော့်လိုအပ်ချက်

ဒေသန္တရသင်းတော်၌။

Verse 4

ယဇ်ပလလင်ကို ရယူကြ

ဖြစ်ခြင်းရှိသမျှ တင်ထား

မီးရှို့ရာယဇ် သေခံပြီ

ဘုရားဘုန်းထင်ရှားစေ၊

ဤရာကို မငြင်းပယ်သင့်

အသင်းတော်သည် အကြွင်းမဲ့

ခြားရာအားလုံး အမြစ်ဖြတ်

ဒေသန္တရသင်းတော်၌။

Verse 5

ယခု တိုက်မြစ်ကို ချပြီ

အို ဘုန်းထင်ရှားသော ပျံ့နှံ့ခြင်း

ကျွနု်ပ်တို့အားလုံး ဝမ်းမြောက်

ဘုရားဘုန်းထင်ရှားစေ၊

ကျယ်လောင်စွာဖြင့် ကြွေးကြော်ကြ

အဝေးမှပင် ကြားပါစေ

ရန်သူကို အပြီးချေမှုန်း

ဒေသန္တရသင်းတော်၌။

Hymn details

သံစဉ်: Charles Price Jones (1865-1949)

Bible: ဧဇရ ၁-၃

Meter: Peculiar Meter.

Key: A Major

Time: 4/4