ယခု သခင်ဘုရား၏ ဗိမာန်တည်ဆောက်ချိန်ဖြစ်
အသင်းတော်-သခင်ဘုရား၏ပြန်လည်ရယူခြင်း
Verse 1
ယခု သခင်ဘုရား၏ ဗိမာန်တည်ဆောက်ချိန်ဖြစ်
ဒေသန္တရသင်းတော်များ လုံးလုံး ရယူခံရန်
ဘုရားအိမ်တော် ပြိုလဲစဉ် မိမိတွက်သာ မငဲ့
ညီကိုများ ထကြ၊ လျှင်မြန်၊ ဘုရားအိမ်တွက်။
chorus
သန်စွမ်း၊ သန်စွမ်း၊ ဘုရားအိမ်တော် တည်ဆောက်
ဘုန်းကြီးသခင် ကျွနု်ပ်တို့နှင့်အတူ၊ ဘုန်းတော်ဖြည့်ပေး
သန်စွမ်း၊ သန်စွမ်း၊ ညီညွတ်စွာဖြင့် လုပ်ဆောင်
သခင်ဘုရား၏ ဗိမာန်တော်၊ လူမျိုးအပေါင်း မျှော်ကြည့်။
Verse 2
သခင် စကားပြောနေ သင်၏လမ်းကို ဆင်ခြင်ပါ
အနည်းငယ်သာ စိုက်သောကြောင့် ချီးမွမ်းခြင်း ကင်းမဲ့နေ
တောင်ပေါ်သို့တက်ကာ တန်ဆာပလာများကို ယူဆောင်
ငါ၏အိမ်တော်ကို တည်ဆောက်၊ ငါ့ဘုန်းထင်ရှား။
Verse 3
ယဇ်ပုရောဟိတ်ဖြစ်သော ခရစ်ယာန်များ နာခံကြ
လူများမည်သို့ပြောပါစေ၊ သခင် ငါတို့နှင့်ရှိ
ဝိညာဉ်လှုံ့ဆော်ကာ တောက်လောင်၊ လာကြ အတူလုပ်ဆောင်
မည်သူမျှ ရှောင်လွှဲမပြု၊ အားလုံးလုပ်ဆောင်။
Verse 4
အိမ်တော်ကို ဘုန်းတော်ဖြည့်ပေးမည် သခင်ရှင်မိန့်ဆို
လူမျိုးပေါင်းတို့၏ တောင့်တရာသည် ထွက်ပေါ်လာမည်
ထိုဘုန်းတော်သည် လွန်ပြီးသောအရာများထက် သာလွန်
ဤဘုန်းတော်၌ ကျွန်ုပ်တို့ အစဉ်မျှဝေ။
Hymn details
သံစဉ်: Alfred Henry Ackley (1887-1960)
Bible: ဟဂ္ဂဲ 1
Meter: Peculiar Meter.
Key: Ab Major
Time: 6/8