ယုံကြည်သူများ နှစ်များတစ်လျှောက်
အသင်းတော်-အသင်းတော်အတွက် ဆက်ကပ်အပ်နှံခြင်း
Verse 1
ယုံကြည်သူများ နှစ်များတစ်လျှောက်
ယေရှု အလိုကို ရှာကြ
ရာခပ်သိမ်းကို စွန့်လွှတ်ပူဇော်
ကိုယ်တော်ကဲ့သို့ လျှောက်လှမ်းရန်။
ဘုရားအလိုကို ရှာဖွေလျှင်
အချိန်ကို မဖြုန်းတီးနှင့်
သင်းတော်သက်တာ ဘုန်းကြီး အလို
သင်လည်း ဝင်ရောက်ရမည်ပင်။
Verse 2
''ကျွန်ုပ်ဖို့ ဘုရား အလိုတော်''
ဤမေးခွန်းကို မေးတတ်ကြ
သင်းတော်သက်တာ စုပေါင်းနေရာ
ဘုရား ထင်ရှားခြင်း ရှိရာ။
သင်းတော် အဝေးမှ မကြည့်နှင့်
နားလည်မှု မလွဲစေနှင့်
လာ၍ အတွင်းမှ ကြည့်ရှုပါ
သင့်သက်တာလုံးကို ပေးအပ်။
Verse 3
သင်းတော်သက်တာ သိနားလည်ရ
သခင် ရည်ရွယ်ရာဖြစ်ပေ
ဤကြွယ်ဝသော တွေ့ကြုံခြင်း၌
ရှာဖွေခြင်းများ အဆုံးသတ်။
သင်းတော်သက်တာ ဘုန်းကြီး အလို
ယခု သင်ကိုယ်တိုင် စတင်
အလိုတော်သိရန် နည်းလမ်းမှာ
ဝင်ရောက်သွားခြင်းဖြင့် ဖြစ်လေ။
Verse 4
ကျွန်ုပ်တို့ ရှိသမျှ ပေးစို့
မိမိကိုယ် မစွဲကိုင်တော့
သင်းတော်သက်တာ ဘုရားအလို
ရှင်းလင်းစွာ ရပ်တည်ကြစို့။
ဘုရားအလိုကို တွေ့ရှိပြီ
ခရစ် သေခံ၊ ထမြောက် ယူ
သင်းတော်သက်တာ ဘုန်းကြီး အလို
ကျွန်ုပ်တို့ပါဝင်၊ ချီးမွမ်း။
Hymn details
Key: D Major
Audio