M67E82KC67MT67

ဘုန်းတော်မှ ဆင်းကြွ

သခင်ဘုရားကို ချီးမွမ်းခြင်း - လူ့ဇာတိခံခြင်း

21

Verse 1

ဘုန်းတော်မှ ဆင်းကြွ

အမြဲရှင်သန်ဝတ္ထု

ကယ်တင်ရှင်ဘုရားကြွ

နာမတော်ယေရှုမည်

နွားစာခွက်၌ဖွား

ဧည့်သည်ဖြစ်ဆက်ဆံခံ

ဝမ်းနည်းမျက်ရည် ဒုက္ခဆင်းရဲခံရ။

chorus

ကိုယ်တော့်ကို ချစ်သည်၊ ကိုယ်တော့်ကို လေးမြတ်

အသက်၊ နေမင်းနှင့် ရာခပ်သိမ်းဖြစ်

ကြီးမားဖန်ဆင်းရှင်၊ ကယ်တင်ရှင်ဖြစ်လာ

ဘုရားပြည့်ဝခြင်း ကိုယ်တော်၌ရှိ

Verse 2

မည်မျှနှိမ့်ချခံ

ရွေးနှုတ်ခြင်းကို သယ်ဆောင်

မှောင်မိုက် သေခြင်းည၌

မျှော်လင့်ခြင်းကင်းမဲ့နေ

ဘုရားကျေးဇူး၊ ကြင်နာ

မိမိဘုန်းကို စွန့်ခဲ့

ကျွန်ုပ်တို့ကို ကယ်တင်ရန်ကြွမြန်းခဲ့။

chorus

ကိုယ်တော့်ကို ချစ်သည်၊ ကိုယ်တော့်ကို လေးမြတ်

အသက်၊ နေမင်းနှင့် ရာခပ်သိမ်းဖြစ်

ကြီးမားဖန်ဆင်းရှင်၊ ကယ်တင်ရှင်ဖြစ်လာ

ဘုရားပြည့်ဝခြင်း ကိုယ်တော်၌ရှိ

Verse 3

နှစ်လိုဆန္ဒရှိစွာ

အသွေးအသားကိုယ်ထည်

လူ့ဇာတိကို ယူဆောင်

ဝှက်ထားနက်နဲဖွင့်ပြ

အိုနက်နဲခြင်း ဘုန်းတော်

ကားတိုင်ပေါ်တွင် ပူဇော်

" ငါဖြစ်သည့်တိုင်း ငါဖြစ်သော " ကိုယ်တော်ရှင်။

chorus

ကိုယ်တော့်ကို ချစ်သည်၊ ကိုယ်တော့်ကို လေးမြတ်

အသက်၊ နေမင်းနှင့် ရာခပ်သိမ်းဖြစ်

ကြီးမားဖန်ဆင်းရှင်၊ ကယ်တင်ရှင်ဖြစ်လာ

ဘုရားပြည့်ဝခြင်း ကိုယ်တော်၌ရှိ

Hymn details

စာသား: William E. Booth-Clibborn

သံစဉ်: E. di Capua

Meter: Peculiar Meter

Key: E Major

Time: 4/4

Audio