ကျွန်ုပ်၏သက်တာ၌ အံ့သြဖွယ် ပြောင်းလဲခြင်း
ဘုရားသခင်၏နှုတ်ကပတ်တော်-နှုတ်ကပတ်တော်ကို အာမင်ထူးခြင်း
Verse 1
ကျွန်ုပ်၏သက်တာ၌ အံ့သြဖွယ် ပြောင်းလဲခြင်း
ဘုရားနှုတ်တော် အာမင်ထူးချိန်
ကျွန်ုပ်ထဲ ခရစ်တော် အချိန်တိုင်း ဝင်ရောက်လာ
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်
chorus
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်
စိတ်နှလုံးရယူကာ၊ အပိုင်းတိုင်း ပြောင်းလဲပေး
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်။
Verse 2
ကျွန်ုပ်မတတ်နိုင်ရာ ဘုရားသည် ပြုပေးပြီ
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်
ပြောင်းလဲခြင်း စစ်မှန်လှ၊ ညီကိုများ အားလုံးမြင်
ဘုရားနှုတ်တော် အာမင်ထူးချိန်။
Verse 3
လှည့်လည်ခြင်း၊ လမ်းလွဲခြင်းမှ ကျွန်ုပ် ရပ်တန့်ပြီ
ဘုရားနှုတ်တော် အာမင်ထူးချိန်
ကျွန်ုပ်၏ အကျင့်ဟောင်းများ ကွယ်ပျောက်သွားခဲ့ပြီ
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်။
Verse 4
သခင်၌ ယုံကြည်ခြင်း လျှို့ဝှက်ချက် မြင်ရပြီ
နှုတ်တော်ကို အာမင်ထူးခြင်းဖြစ်
ခပ်သိမ်းထက် ကိုုယ်တော်သည် စစ်မှန်၍ ဖိုးထိုက်လှ
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်။
Verse 5
ညီအစ်ကိုများကိုချစ်ခြင်း ပို၍ တိုးပွားလာ
ဘုရားနှုတ်တော် အာမင်ထူးချိန်
ယခင်နှင့်မတူဘဲ ကျွန်ုပ်သည် ဆက်နွှယ်ပြီ
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်။
Verse 6
သခင်ကြွလာမည့် မျှော်လင့်ခြင်း ပိုတောက်ပလာ
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်
ကျွန်ုပ်သခင်၊ မြတ်နိုးရာ မြင်ရန် အသင့်ရှိ
နှုတ်တော်ကို အာမင်ထူးခြင်းဖြင့်။
chorus
သခင်ယေရှု နှုတ်တော် အာမင်
သခင်ယေရှု နှုတ်တော် အာမင်
ကိုယ်တော်ပြန်ကြွလာမည်-စိတ်နှလုံး အာမင်ထူး
သခင်ယေရှု နှုတ်တော် အာမင်။
Hymn details
သံစဉ်: Charles Hutchinson Gabriel (1856-1932)
Meter: 12.8.12.8. with chorus.
Key: G Major
Time: 4/4