ကျွန်ုပ်သခင်၊ ဖိုးထိုက်အရှင်
အသင်းတော်-ခရစ်တော်၏သတို့သမီး
21
Verse 1
ကျွန်ုပ်သခင်၊ ဖိုးထိုက်အရှင်
သေခံရန်ကြွ၊ အသစ်မွေးဖွား
မြေကြီးရယူရန် တစ်ဖန်ကြွ
ဘုန်းကြီးသတို့သမီးတွက်။
chorus
ယေရှု၊ ကိုယ်တော်ကြွလာမည်
ယေရှု၊ ချစ်ဖွယ်သတို့သား
ယေရှု၊ စိတ်နှလုံးအိမ်ဆောက်
သတို့သမီး စဉ် ဖြစ်စေ။
Verse 2
ချစ်သခင် နှစ်သက်တောင့်တရာ
ပျောက်ဆုံးသူ ရွေးနုတ်ရုံမဟုတ်
သန့်ရှင်းသူများ ဖိုးခပေးကာ
သတို့သမီး စဉ် ဖြစ်ရန်။
Verse 3
ကညာများဖြစ် ကျွန်ုပ်တို့သည်
အခြားခင်ပွန်း မရှိနိုင်ပြီ
ကြွလာသောခါ လွတ်မြောက်ကြမည်
သတို့သမီး အစဉ်ဖြစ်။
Verse 4
မှေးမှိန်လောကကို ချစ်နေကြ
ခရစ်တောင့်တ ကြီးမြတ်ပုလဲ
ထံတော်ဖွင့်ပေး ချစ်ခြင်းအားဖြင့်
ကိုယ်တော်ကို ပြန်ကြွလာစေ။
Hymn details
သံစဉ်: Edmund Simon Lorenz (1854-1942)
Meter: 8.8.8.7. with chorus.
Key: Bb Major
Time: 3/4