လောကမှ လွတ်မြောက်ရန် တောင့်တနေသော်
ဘုရားသခင်၏နှုတ်ကပတ်တော်-နှုတ်ကပတ်တော်ကို အာမင်ထူးခြင်း
Verse 1
လောကမှ လွတ်မြောက်ရန် တောင့်တနေသော်
အာမင်၊ ဘုရား နှုတ်တော်
စစ်မှန်ခြင်းအားလုံး၌ သက်ရှင်လိုသော်
အာမင်၊ ဘုရားနှုတ်တော်
အာမင်၊ ဘုရားနှုတ်တော်
အာမင်၊ ဘုရားနှုတ်တော်
နှုတ်တော်လက်ခံရ၊ နှုတ်တော်၌ ယုံကြည်
အာမင်၊ ဘုရားနှုတ်တော်။
Verse 2
အပြစ်နှင့်အတ္တမှ ရုန်းထွက်လိုသော်
အာမင်၊ ဘုရားနှုတ်တော်
သခင်ကို ခွင့်ပြု၊ အသစ်ပြုပြင်ခံ
အာမင်၊ ဘုရားနှုတ်တော်
အာမင်၊ ဘုရားနှုတ်တော်
အာမင်၊ ဘုရားနှုတ်တော်
နှုတ်တော်သည် သက်ရှင်၊ အသက်တန်ခိုးပေး
အာမင်၊ ဘုရားနှုတ်တော်။
Verse 3
ခါနန်မြေ ခရစ်တော် ကျွန်ုပ်ဝေစု
အာမင်၊ ဘုရားနှုတ်တော်
ဝင်ရောက်လိုသော် စိတ်နှလုံး မခိုင်နှင့်
အာမင်၊ ဘုရားနှုတ်တော်
အာမင်၊ ဘုရားနှုတ်တော်
အာမင်၊ ဘုရားနှုတ်တော်
နှုတ်တော်သည် ကျွန်ုပ်တို့ကို ပိုင်းဖြတ်ပေး
အာမင်၊ ဘုရားနှုတ်တော်။
Verse 4
ဘုရားသည် ငဲ့ညှာစွာ ဆက်ဆံဖြေရှင်း
မိမိသားတော်ကိုပင် မငဲ့ကွက်
အိုးလုပ်သူ၏လက်မှာ အိုးတန်ဆာကို
ပုံသွင်းခြင်းမပြီးဘဲ ချန်မည်လော
ဘုရားစိတ်နှလုံးတော် ဆန္ဒဗဟို
များစွာသော ညီများကို ရယူရန်
ကိုယ်တော့်ဖိုးထိုက်သားဦး ခရစ်တော်သို့
ကျွန်ုပ်တို့လည်း ပြည့်ဝသဏ္ဌာန်တူ။
Hymn details
Key: D Major
Audio