M673E1210KC673MT673

နှုတ်တော်ဖြင့် မျှော်လင့်ရာမှာ ကြွလာချိန်

ဒုက္ခဆင်းရဲ၌ နှစ်သိမ့်မှုပေးခြင်း-ဘုရားသခင်၏အုပ်စိုးထိန်းချုပ်မှုအားဖြင့်

21

Verse 1

နှုတ်တော်ဖြင့် မျှော်လင့်ရာမှာ ကြွလာချိန်

ဖြစ်ခြင်းအားလုံး ရွေးနုတ်ခံရရန်

ဝမ်းနည်းပူဆွေး၊ ဘေးဒုက္ခတွေ့ရချိန်

သံသယ၊ ကြောက်ရွံ့၊ မျှော်လင့်ရာမဲ့

ထိုချိန်မှာ ဆုတောင်းခြင်းပင် မပြုနိုင်

ရင်ဘတ်မှ ညည်းတွားသံသာ ကြားရ

ထိုနည်းတူ ဝိညာဉ်တော်သည် ကူမပေး

အားနည်းခြင်း၌ ဘုရားထံ ဆုတောင်း။

Verse 2

သခင်၊ ဆုတောင်းရာ ဒုက္ခတွက် မဟုတ်

ဘေးဒုက္ခတိုင်း၌ လွတ်မြောက်ခွင့်သာ

ခါးသီးခြင်းခွက်သည် လွန်နိုင်လျှင်လွန်စေ

ချစ်သခင်၊ အလိုတော်တိုင်း ဖြစ်စေ

ယခု ဘေးဒုက္ခများ ဝန်းရံနေလည်း

စိတ်နှလုံးအတွင်း ငြိမ်သက်ခြင်းရှိ

ဘုရားမေတ္တာတော် ကျွန်ုပ်တွင်း သွန်းလောင်း

စိတ်နှလုံးလွှမ်းမိုး၊ သံသယကင်း။

Verse 3

စိတ်ချစရာ၊ ဘုရား ပြည့်ဝစီမံ

ခပ်သိမ်းကို အုပ်စိုးခြင်းလက်တော်ဖြင့်

လူအယောက်တိုင်း (ရေးရေးသာမြင်ရလည်း)

ရာခပ်သိမ်း ကြံစည်တော်အတိုင်းဖြစ်

ဘေးဒုက္ခတိုင်း အဖ၏ အဖြေဖြစ်

ဝိညာဉ်တော် ဆုတောင်း ညည်းတွားခြင်းသို့

ဘေးဒုက္ခတိုင်း၌ ကိုယ်တော်သည် ရယူ

ခရစ် ဘုန်းတော် ပြည့်ဝမျှဝေတိုင်။

Verse 4

ဘုရားသည် ငဲ့ညှာစွာ ဆက်ဆံဖြေရှင်း

မိမိသားတော်ကိုပင် မငဲ့ကွက်

အိုးလုပ်သူ၏လက်မှာ အိုးတန်ဆာကို

ပုံသွင်းခြင်းမပြီးဘဲ ချန်မည်လော

ဘုရားစိတ်နှလုံးတော် ဆန္ဒဗဟို

များစွာသော ညီများကို ရယူရန်

ကိုယ်တော့်ဖိုးထိုက်သားဦး ခရစ်တော်သို့

ကျွန်ုပ်တို့လည်း ပြည့်ဝသဏ္ဌာန်တူ။

Verse 5

ယေရှုနှင့်တူ ဘုရားအမွေခံများ

ကျွန်ုပ်တို့တွက် ဘုန်းမျှော်လင့်ရာပေ

ဒုက္ခများသည် နာကျင်ဖွယ် ထင်ရလည်း

ကျွန်ုပ်တို့ဖို့ ကြီးမား ဘုန်းတော်ရှိ

ဤရာများ၌ ကျွန်ုပ်တို့ အောင်နိုင်ကြ

ချစ်တော်မူသောသူကို ပိုင်ဆိုင်ရ

ဖန်ဆင်းခြင်းအားလုံး စောင့်မျှော် နေ့ရက်မှာ

ဘုရားသားများ ထင်ရှားပေါ်ထွန်းလာ။

Hymn details

Key: D Major

Audio