သတင်းကောင်းတွက် ချီးမွမ်း
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း-ကိုယ်တော်၏လူသားဇာတိ
Verse 1
သတင်းကောင်းတွက် ချီးမွမ်း
ကျေးဇူးတော်ပလလင်၌
မြင့်မားဧဝံဂေလိ
ကျွန်ုပ်တို့၌ ရှိပြီ၊
ပလလင်တော်နား ကျွန်ုပ်တို့ရှိ
ဘုရားဖြစ်ခြင်းအားလုံး ဝမ်းမြောက်။
Verse 2
ပြင်ဌာနမှ စတင်
အတွင်းသို့ ဝင်ရောက်ရန်
သန့်ရှင်းဌာန ကောင်းပေ
ထို၌သာ မနေနှင့်၊
အပြစ်ကို စွန်ခွာ ချန်ထားလေ
အတွင်း၌ ဘုရားနှင့်တည်နေ။
Verse 3
မြေကြီးမှ ကောင်းကင်သို့
နက်နဲပြောင်းလဲရန်လို
ခရစ်တော်ရှိနေရာ
ပလလင်တော်ပေါ် ရှိရန်၊
ကျေးဇူးတော်ပလလင်၌ စုဝေး
ယေရှုကို မျက်နှာချင်းဆိုင်တွေ့။
Verse 4
တစ်လုံးတစ်ဝဖြစ်ကြ
တစ်ဦးချင်းမနေနှင့်
သီးခြား ခရစ်ယာန်မဟုတ်
ခန္ဓာတော်ခရစ်ယာန်၊
အင်္ဂါများ သဘောတစ်ညီတည်း
သခင်၏ကိုယ်ခန္ဓာတော်ဖြစ်။
Verse 5
ခန္ဓာတော်ခရစ်ယာန်
မြင့်မားသော နှုတ်တော်ရှိ
တိုက်မြစ် နှုတ်တော်မြင်ရ
ပလ္လင်၊ ကားတိုင်း၊ သွေးတော်၊
စုံလင်ခြင်းနှုတ်တော် နည်းနည်းသိ
ပလလင်ပတ်လည် မိတ်သဟာယ။
Verse 6
ခရစ်သည် ပြင်ပိုင်းဖြစ်
အတွင်းပိုင်းလည်းဖြစ်ရာ
ကျွန်ုပ်တို့တွေ့ကြုံရ
ဝိညာဉ်သည် သော့ချက်ဖြစ်၊
ဘုရား၊ ပလ္လင်နှင့် သန့်ရှင်းဆုံး
ကျွန်ုပ်တို့ဝိညာဉ်၌ ရှိပြီ။
Hymn details
Key: G Major
Audio