M656E1138KC656MT656

သခင်သည် ဆက်ကပ်အပ်နှံရှင်

ဆက်ကပ်အပ်နှံခြင်း-ကျွန်ုပ်တို့၏မီးရှို့ရာပူဇော်သက္ကာဖြစ်သော ခရစ်တော်

21

Verse 1

သခင်သည် ဆက်ကပ်အပ်နှံရှင်

ကျွန်ုပ်တို့၏ ဆက်ကပ်ခြင်း

ခမည်းတော်ကို ကျေနပ်စေပြီ

ဆက်ကပ်အပ်နှံခြင်းပြည့်စုံ

မြေကြီးပေါ် ကျေနပ်ရာမရှာ

ခမည်းတော်အလိုတော်ရှာ

ယခု ကျွန်ုပ်တို့၌ သက်ရှင်

ဆက်ကပ်အပ်နှံ ပြီးပြည့်စုံ။

Verse 2

ဤပုံဆောင်ချက်တွက် ချီးမွမ်းသည်

ဆက်ကပ်ခြင်း သိုးငယ်မြင်ရ

ဘုရားကျေနပ်ခြင်းတွက် လောင်ကျွမ်း

စားသုံး၊ မွေ့လျော်ဝမ်းမြောက်စေ

ကျွန်ုပ်တို့၏ သိုးထီး ကိုယ်တော်

ဘုရားအလိုတွက် ပူဇော်

မှားယွင်းကင်း ဆက်ကပ်ခြင်းအားဖြင့်

ကိုယ်တော်နည်းတူ လျှောက်ကြမည်။

Verse 3

သခင်ယေရှုကို စားသုံးကာ

ဆက်ကပ်သူများ ဖြစ်လာကြ

တွင်းမှ အံ့ဖွယ် အသက်တော်ဖြင့်

နာခံခြင်းကို ပိုင်ဆိုင်ရ

ရုန်းကန်၊ ကြိုးစား မလိုအပ်တော့

ဆက်ကပ်ရန် အားမထုတ်တော့

ဆက်ကပ်ခြင်းသည် အတွင်းကိန်းဝပ်

ကိုယ်တော်ကို စားသုံးရန်သာ။

Verse 4

သခင် ကိုယ်ေတကို ချီးမွမ်းသည်

အစာဖြစ် စာသုံးရပြီ

စားသုံးကာ မွေ့လျော်၀မ်းမြောက်လျှင်

ဘုရားနှင့် တစ်ခုတည်းဖြစ်

အလိုတစ်ခု? ရည်ရွယ်တစ်ခု

စားသုံးခြင်းအားဖြင့် ဖြစ်လာ

ကိုယ်တော်တိုင်ကို ယူဆောင် စားသုံး

ဆက်ကပ်ခြင်း ကျွန်ုပ်ဖြစ်လာ

Hymn details

Key: D Major

Audio