M655E1136KC655MT655

သခင်၊ ဖွင့်ပြခြင်း မစပါ

တောင့်တခြင်းများ-သန့်ရှင်းစင်ကြယ်ခြင်းအတွက်

21

Verse 1

သခင်၊ ဖွင့်ပြခြင်း မစပါ

အလင်းနှင့် အမြင်ပေးပါ

ဝိညာဉ်တွင်း အသက်အဖြစ်လေ

ကျွန်ုပ်တို့၏စစ်မှန်ခြင်း

ကျွန်ုပ်တို့ဝိညာဉ်အတွင်းမှ

အပိုင်းတိုင်း ကိုယ်တော်ပိုင်ဆိုင်

ဖြစ်ခြင်းအားလုံးသို့ ပျံ့နှံ့ပါ

စိတ်နှလုံး၌ အိမ်ဆောက်ပါ။

Verse 2

ပြင်ပိုင်းလုပ်ဆောင်ခြင်းမဟုတ်ပါ

ပြုမူစင်ကြယ် ကောင်းမြတ်ခြင်း

စုံလင်သော အကျင့်ကောင်းများနှင့်

ပြုသင့်ထင်မှတ် ရာအားလုံး

သို့သော် ခရစ်၊ သက်ရှင်ပုဂ္ဂိုလ်

အတွင်း ရောနှောပေါင်းစည်းပေး

ဖြစ်ခြင်းအားလုံးထဲ ပျံ့နှံ့လာ

ကိုယ်တော်ဖြင့် ကျွန်ုပ်တို့ရှင်။

Verse 3

သခင်၊ ကျွနု်ပ်တို့ပြုမူများ

လုပ်ဆောင်၊ ပြောဆိုသမျှသည်

ကိုယ်တော့် တွေ့ကြုံခြင်းမှ လာစေ

စစ်မှန်၊ အတွင်း နည်းလမ်း၌

ချည်းနှီးသွန်သင်ခြင်းများငြင်းပယ်

နည်းလမ်း၊ အားထုတ်ခြင်း စွန့်လေ

သက်ရှင်ခြင်းနည်းလမ်းတစ်ခုမှာ

အသက်လျှံထွက် စီးဆင်းခြင်း။

Verse 4

အတွင်းပိုင်း ခံစားမှုနောက်လိုက်

လျှံထွက်ခြင်း၌ သက်ရှင်ပါ

ကြွယ်ဝဘိသိက်၌ လှုပ်ရှားလေ

စဉ်းစား၊ သိခြင်း ဖြင့်မဟုတ်

ကြံစည် ရည်ရွယ်ခြင်းဖြင့်မဟုတ်

စီစဉ်လုပ်ဆောင်ခြင်းမဟုတ်

ဤခံစားမှုနောက်လိုက်ခြင်းဖြင့်

သက်ရှင်ပုဂ္ဂိုလ်ဖြင့် သက်ရှင်။

Verse 5

ထိုသို့ ပြည့်ဝ သန့်ရှင်းစင်ကြယ်

လုံးလုံး ပျော်ဝင်ပြည့်ဝလာ

ဘာသာရေးခံယူချက်မဟုတ်

သြဝါဒဖြင့် ခွဲခြားခံ

သို့သော် အတွင်း ခရစ်ကိုယ်တိုင်

ဖြစ်ခြင်းတိုင်းသို့ ပေါင်းထည့်ပေး

ထောက်ပံ့ပေးကာ၊ ကျေနပ်စေပြီ

စိတ်နှလုံး၌ အိမ်တော်ဆောက်။

Hymn details

Key: D Major

Audio