M657E1140KC657MT657

ကျွန်ုပ်တို့လူဟောင်း ခရစ်နှင့် သေခံ

ခရစ်တော်နှင့်ပေါင်းစည်းခြင်း-အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း၌ ထပ်တူညီခြင်း

21

Verse 1

ကျွန်ုပ်တို့လူဟောင်း ခရစ်နှင့် သေခံ

လူဟောင်းဖြစ်ခြင်းအားလုံးကို သေစေပြီ

ကားတိုင်ပေါ်သို့ အားလုံးကို ယူဆောင်ကာ

ကိုယ်တော်တိုင် ကျွန်ုပ်တို့ခင်ပွန်းသစ်ဖြစ်

မွေ့လျော်ရပြီ။

Verse 2

လွတ်လပ်ခြင်း ခွန်အားရှိသမျှ သေပြီ

ခရစ်တော်နှင့်တူ ပြည့်ဝသေခံပြီ

ကိုယ်တော်၏ဇနီးဖြစ်ခြင်း ဝမ်းမြောက်လှ

မှီခိုလျက် အသက်ဖြစ် ကိုယ်တော် မွေ့လျော်

အစဉ်မပြတ်။

Verse 3

ကျွန်ုပ်တို့သေခြင်း ဝမ်းနည်းဖွယ်မဟုတ်

ထိုမှာ လူသစ်သည် ရွှင်လန်းလျက်ရှိနေ

လူဟောင်းသေ၍၊ မြှပ်နှံခံ၊ လွတ်မြောက်ပြီ

ခရစ်ကို လက်ထပ်ကာ ထာဝရရှင်

ကိုယ်တော့်ဇနီး။

Verse 4

ယခု အသစ်မွေးဖွား လူသစ်အဖြစ်

ဘုရားကြံစည် အရာနှစ်ခု လုပ်ဆောင်

ဘုရားထံ အသီးသီး၊ ဝိညာဉ်၌ စေခံ

ဘုရားသည် ကျွနု်ပ်တို့အသီးဖြစ်လာ

ကျွန်ုပ်တို့၌။

Verse 5

ရောမ ခုနစ်၌ တရားသုံးမျိုးရှိ

ဘုရား၏တရား၊ အသိ၊ ကောင်းသောငါ

အပြစ်တရားသည် ခန္ဓာ၌ ကိန်းဝပ်

ဤရာအားလုံးမှ သခင် လွတ်စေပြီ

ကိုယ်တော် သက်ရှင်။

Verse 6

ရောမ ရှစ်၌ ဝိညာဉ်တော်တရားရှိ

ခရစ်တော်၌ ကျွန်ုပ်တို့ ပိုင်ဆိုင်ခံ

အသက်တရားသည် လုံးလုံး လွတ်စေပြီ

ခရစ်တော် ကျွနု်ပ်တို့သက်ထာဝရ

ဟာလေလုယာ။

Hymn details

Key: G Major

Audio