M654E1135KC654MT654

အို သန့်ရှင်းစေမူပါ၊ ကိုယ်တော်တိုင် ဖြည့်မူပါ

တောင့်တခြင်းများ-သန့်ရှင်းစင်ကြယ်ခြင်းအတွက်

21

Verse 1

အို သန့်ရှင်းစေမူပါ၊ ကိုယ်တော်တိုင် ဖြည့်မူပါ

ကျွန်ုပ်တို့တွေ့ကြုံ၌ ပုဂ္ဂိုလ်တော်ဖြင့် ဖြည့်ပါ

သို့မှ စစ်မှန်ခြင်း၌ အသင်းတော်ဘုန်းထင်ရှား

ကိုယ်တော်တိုင် ဖြည့်မူပါ ဆုတောင်း။

chorus

ယနေ့ သန့်ရှင်းစေတော်မူပါ

သခင်ယေရှုသာ နည်းလမ်းဖြစ်

ပုဂ္ဂိုလ်တော်ကို ယူဆောင်

ဖြစ်ခြင်းကို ပြန့်နှံ့စေ

ယနေ့ သန့်ရှင်းစေတော်မူပါ။

Verse 2

အို စင်ကြယ်စေမူပါ၊ စိတ်နှလုံး၌ ပြောကြား

သက်ရှင်နှုတ်တော်အားဖြင့် ဆေးကြောခြင်း ထည့်သွင်းပေး

ပို၍ စကားပြောပါ၊ ဖြစ်ခြင်းအားလုံး သန့်စင်

စင်ကြယ်စေတော်မူပါ ဆုတောင်း။

chorus

ယနေ့ စင်ကြယ်စေတော်မူပါ

ဇာတိသက် အားလုံး ဆေးကြောပါ

စကားတော် ပြောမူပါ

ကျွန်ုပ်တို့ ဘုန်းထင်ရှား

ယနေ့ စကားတော်ပြောမူပါ။

Verse 3

အိုသခင် ကျွေးမူပါ၊ ကိုယ်တော်သာ စားစရာ

ကိုယ်တော်ကို စားသုံးကာ၊ သဏ္ဌာန်ပြောင်းလဲ အမှန်

ကျွန်ုပ်တို့နှစ်သိမ့်ရာ ကိုယ်တော်ကျွေးမွေးခံရ

ကျွေးမွေးမူပါ ကျွန်ုပ်ဆုတောင်း။

chorus

ယနေ့ ကျွေးမွေးခြင်းပြုမူပါ

အတ္တအားလုံးကို ဆေးကြောပါ

စင်ကြယ်ရုံမျှမက

ပြည့်ဝကာ ကျေနပ်ရ

ယနေ့ ကျွေးမွေးခြင်းပြုမူပါ။

Verse 4

ပြုစုယုယမူပါ၊ ကိုယ်တော်၌ မွေ့လျော်ရ

နူးညံ့စွာ နှစ်သိမ့်ပေး၊ လိုအပ်ရာ မစပေး

မာကြောခြင်း ပြေလျော့စေ၊ ကိုယ်တော်သာ ပိုင်ဆိုင်လေ

ပြုစုယုယခြင်းတွက် ဆုတောင်း။

chorus

ယနေ့ ပြုစုယုယမူပါ

အေးစက်ခြင်းများ ဖယ်ရှားအဝေး

ကိုယ်တော့်ထံ နီးစေပါ

နူးညံ့စွာ ယုယပေး

ယနေ့ ပြုစုယုယမူပါ။

Verse 5

ကျွန်ုပ်တို့ဘုန်းထင်ရှား၊ အတွင်း ကိုယ်တော်လုပ်ဆောင်

ကျွန်ုပ်တို့တွက်မဟုတ်၊ အသင်းတော်ဘုန်းတော်တွက်

ကိုယ်တော့်သတို့သမီး၊ ရှာဖွေခြင်းများ ဆုံးသတ်

ကျွန်ုပ်တို့၌ လုပ်ဆောင်မူပါ

chorus

ယနေ့ ကျွန်ုပ်၌ လုပ်ဆောင်ပါ

ဘုန်းတော်ပြည့် သင်းတော် ထွက်ပေါ်ရန်

ကိုယ်တော်တိုင် ပြန့်နှံ့စေ

ကျွန်ုပ်တို့ဘုန်းထင်ရှား

ယနေ့ ဘုန်းတော်ထင်ရှားစေပါ။

Hymn details

Key: D Major

Audio