M648E1090KC648MT648

ချစ်သခင် သွေးတော် ဖိုးထိုက်လှ

သခင်ဘုရားကို ချီးမွမ်းခြင်း-ရွေးနုတ်တော်မူခြင်း

21

Verse 1

ချစ်သခင် သွေးတော် ဖိုးထိုက်လှ

ဓမ္မသစ်အရာဖြစ်

ဘုရားကောင်းကြီးကို ရရှိစေ

ကိုယ်တော်၌ တူပေါင်းစည်း။

Verse 2

သွေးတော်ဖြင့် ရွေးနုတ်ခြင်းခံရ

စင်ကြယ်သန့်ရှင်းစေမူ

သြတ္တပ္ပစိတ် အပြစ်မှ လွတ်

သေခြင်းမှ လွတ်စေပြီ။

Verse 3

အာဗေလထက် သာလွန် သွေးတော်

ဘုရားထံ တောင်းလျှောက်ပေး

ပြည့်စုံ ရွေးနုတ်ခြင်း ပေးမူပြီ

ဘုရားကို ကျေနပ်စေ။

Verse 4

ထာဝရဝိညာဉ်တော်အားဖြင့်

ဘုရားထံ အပ်နှံပြီ

ဤပူဇော်ခြင်း အိုမင်းမရှိ

သွေးတော်သည် ချိန်တိုင်းစီး။

Verse 5

သွေးတော်အားဖြင့် ရဲရင့်တိုးဝင်

ကျေးဇူးတော်ပလလင်သို့

ဘုရားထံသို့ ပဋိညာဉ်သစ်

သန့်ရှင်းဆုံးဌာနဝင်။

Verse 6

သွေးတော်အားဖြင့် ဘုရားကျေးဇူး

ကိုယ်တော်တိုင် ပေးမူပြီ

ကျွန်ုပ်တို့ကို ထံတော်ရယူ

ကျွန်ုပ်ပ်၌ ကိုယ်တော်ရှင်။

Verse 7

ချစ်သခင် သွေးတော် ဖိုးထိုက်လှ

ဓမ္မသစ်အရာဖြစ်

ဘုရားကောင်းချီးကို ရရှိစေ

ကိုယ်တော်၌ တူပေါင်းစည်း။

Hymn details

Key: D Major

Audio