ယနေ့ ဝိညာဉ်တော်သည် ရှူသွင်းရာလေ ဖြစ်
ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း-လေအဖြစ်
21
Verse 1
ယနေ့ ဝိညာဉ်တော်သည် ရှူသွင်းရာလေ ဖြစ်
သက်ရှင်စီးဆင်းခြင်း၌ ဝိညာဉ်များ ဝမ်းမြောက်
ကျွန်ုပ်တို့ခန္ဓာ လေကို ရှူသည့်နည်းတူ
ဝိညာဉ်၌ သက်ရှင်ရန် ထိုသို့ပြုရမည်။
Verse 2
ယနေ့ ဝိညာဉ်တော်သည် အသက်လေဖြစ်လာ
သက်ရှူခြင်းထက် အရေးကြီးမည်ရာရှိနည်း
ရှူသွင်းချိန်တိုင်း အသက်သစ်ကို ရရှိကြ
ဘုရား၏ သက်ရှင်လန်းဆန်းခြင်း သစ်လွင်နေ။
Verse 3
အဆင့်ဆင့်ဖြတ်ကျော် ဘုရား၊ လေဖြစ်ရှိလာ
သက်ပေးသော နျူမာ၊ ကျွန်ုပ်တို့လိုအပ်ရာ
ကိုယ်တော်သည် လွန်စွာ ပေါများကြွယ်ဝလှပေ
ဝိညာဉ်၌ လျှောက်လှမ်းရန် ကိုယ်တော်ကို ရှူသွင်း။
Verse 4
ဝိညာဉ်တော် သွန်းလောင်းခြင်းတွက် ဝမ်းမြောက်ရဲ့လား
ဆင့်ဆင့်ဖြတ်ကျော် ဘုရား၊ ကျွန်ုပ်၌ စီးဆင်း
ဤသက်ပေးသော သခင်ကို ခမဲ့ရှူသွင်း
ရှူသွင်းကာ သက်တော်ရရှိ၊ ဘုန်းတော်ထင်ရှား။
Hymn details
Key: G Major
Audio