M647E1089KC647MT647

စွန်းထင်းကင်း ဘုရား၏သိုးငယ်

သခင်ဘုရားကို ချီးမွမ်းခြင်း-အသေခံတော်မူခြင်း

21

Verse 1

စွန်းထင်းကင်း ဘုရား၏သိုးငယ်

ပြစ်သားများအတွက် သေခံ

သွေးတော်သွန်း၊ ရွေးနုတ်ခြင်းပြုပေး

အပြစ်များကို ဆေးကြောပေး

ရွေးနုတ်ပေးသော ရွေးနုတ်သိုးငယ်

အပြစ်များကို ဆောင်ယူပေး

အပြစ်များကို ဆောင်ယူပေး။

Verse 2

ကြေးဝါမြွေ၊ ကိုယ်တော်ကို ကြည့်ရှု

လူသားသည် မြင့်မြှောက်ထားခံ

သွေးသား၏အပြစ်ကို ဆောင်ယူ

ကားတိုင်ပေါ်တွင် သေခံပြီ

ဖန်ဆင်းခြင်းဟောင်း အဆုံးသတ်ခဲ့

စာတန်နှင့်လောက ဆုံးသတ်

စာတန်နှင့်လောက ဆုံးသတ်။

Verse 3

ဂျုံမျိုးစေ့၊ သေးငယ်၍ နိမ့်ကျ

မသေလျှင်၊ တစ်စေ့တည်းတည်

အတွင်း၌ ဘုရားအသက်ရှိ

သေခြင်းအထဲသို့ မျိုးကြဲ

အသက်လွတ်မြောက်၊ ခရစ်တိုးပွား

မျိုးစေ့များစွာကို ဆောင်လာ

မျိုးစေ့များစွာကို ဆောင်လာ။

Verse 4

ဘုရားသိုးငယ် - ပြစ်များရွေးနုတ်

ကြေးဝါမြွေ - စာတန်ဆုံးသတ်

ဂျုံမျိုးစေ့ - အသက်ကိုထုတ်လုပ်

ခုမျိုးစေ့များစွာရောနှော

ဟာလေလုယာ၊ ဟာလေလုယာ၊

ရာအားလုံး-ပါဝင်သေခံ

ရာအားလုံး-ပါဝင်သေခံ။

Hymn details

Key: D Major

Audio