M644E979KC644MT644

မည်မျှဘုန်းထင်၊ မည်မျှ တောက်ပ

အဆုံးစွန်ဘုန်းထင်ရှားခြင်း-ယေရုရှလင်မြို့သစ်

21

Verse 1

မည်မျှဘုန်းထင်၊ မည်မျှ တောက်ပ

သန့်ရှင်း ယေရုရှလင်မြို့သစ်

လူနှင့် ဘုရား ကိန်းဝပ်နေရာ

သိုးငယ် ခရစ် သတို့သမီး။

Verse 2

အဟောင်း၊ အသစ် သန့်ရှင်းသူများ

ဘုရားကတိ အမွေခံများ

မြို့တော်၏ပါဝင်သူများဖြစ်

ဘုရားကိန်းရာ အတူတည်ဆောက်။

Verse 3

စတုရန်းပုံ မြို့တော်တည်ရှိ

အလျား၊ အနံ၊ အမြင့် တူညီ

ပို၍ ရှည်ခြင်း၊ တိုခြင်း မရှိ

စောင်းခြင်းမရှိ၊ တည့်မတ် ရပ်တည်။

Verse 4

မြို့လမ်းမလည်း ရွှေစင်ဖြစ်ရာ

ထွင်းဖောက်မြင်ရ ဖန်သို့ ကြည်လင်

ဘုရား၏သာလွန် သက်တော်ပြ

သဘောသဘာဝ ဖြစ်ခြင်း၌။

Verse 5

ပုလဲတံခါး တစ်ဆယ့်နှစ်ခု

လူ၏ ရွေးနုတ်ခြင်းကို ဖော်ပြ

အသစ်မွေးကာ ပုလဲဖြစ်လာ

ဘုရားပိုင်ရာ နယ်ပယ်သို့ ဝင်။

Verse 6

တိုက်မြစ်တစ်ဆယ့် နှစ်ထပ်အတူ

ကျောက်မြတ် တစ်ဆယ့်နှစ်ခု စီခြယ်

မီးနှင့် ဖိအားဖြင့် ပေါင်းစပ်ရာ

ထာဝရ ဖိုးထိုက်ရာ ဖြစ်လာ။

Verse 7

ကြည်လင်ကျောက်သလင်း မြို့ရိုးသည်

ဘုရားဘုန်းတော် ပြည့်ဝထင်ရှား

ဘုန်းတော်အလင်းကို ထွန်းလင်းရာ

ဂျက်စ်ပါကျောက်ကဲသို့ ထင်ရှားလာ။

Verse 8

မြို့ရိုးသည် ခွဲခြားခြင်းပြုရာ

မစင်ကြယ်ရာအားလုံး ဖယ်ရှား

ရွှေ၊ ပုလဲ၊ ဖိုးထိုက်ကျောက်များသာ

သန့်ရှင်းမြို့တော်အတွင်း ရှိရာ။

Verse 9

ဘုရားနှင့် သိုးငယ် ဗိမာန်တော်

ဘုန်းတော်မျက်နှာကို ဖူးမြင်ရ

မျက်မှောက်တော်သည် အစဉ်တည်မည်

ကာလအစဉ် ကိုးကွယ်ကြမည်။

Verse 10

မြို့တော်၌ နေနှင့်လ မလို

ဘုရားဘုန်းတော် အလင်းဖြစ်လေ

သိုးငယ်မီးခွက် မြို့တော်ယူဆောင်

နေရာတိုင်းသို့ တောက်ပထွန်းလင်း။

Verse 11

ဘုရားနှင့်သိုးငယ်ပလလင်တော်မှ

လမ်းမအလယ် သက်စမ်းရေစီး

မြစ်ရေနံဘေးတစ်ဖက်စီ၌

အသက်ပင် ရှင်သန်ခြင်း မြင်ရ။

Verse 12

ဤအရာ ဘုရားအသက် ပုံဆောင်

အစာနှင့်ရေ စီးရုံမက

ဘုရားအခွင့်အာဏာသယ်ဆောင်

မြို့တော်တစ်လျှောက်လုံး စီးဆင်းလေ။

Verse 13

ရွှေစင်စစ်လမ်းမလည်း ရှိရာ

ဘုရားဇာတိ လမ်းတော်ဖြစ်ရာ

မြစ်ရေစီးခြင်း သောက်သုံးရာဖြစ်

အသက်သီးများ ကြွယ်ဝကြီးထွား။

Verse 14

တစ်ဆယ့်နှစ်သည် အုပ်စိုးခြင်းဖြစ်

ထာဝရ စုံလင်ခြင်းလည်းဖြစ်

ဘုရားနှင့် လူ ပေါင်းစည်းခြင်းဖြစ်

သုံးနှင့်လေး အမြေ§ာက်ကို ပြသ။

Verse 15

မှောင်မိုက်၊ သေခြင်း အလျင်းမရှိ

ဝမ်းနည်း၊ နာကျင်ခြင်း ပျောက်ကွယ်ပြီ

အဟောင်းကွယ်လွင့်၊ ခပ်သိမ်းအသစ်

ဘုရားသည် လူနှင့်အတူတည်။

Verse 16

မြို့တော်၌ ဘုရားသဏ္ဌာန်ပြည့်

ရှင်ဘုရင် ကိုယ်တော်တွက် စိုးစံ

ထာဝရကြံစည်တော် ပြည့်စုံ

ပြည့်စုံခြင်း ကိုယ်တော်ထံ ဆောင်လာ။

Hymn details

Key: D Major

Audio