M643E971KC643MT643

ဘုရားထာဝရကြံစည်

အဆုံးစွန်ဘုန်းထင်ရှားခြင်း-ဘုရားသခင်၏ထာဝရအကြံအစည်တော်

21

Verse 1

ဘုရားထာဝရကြံစည်

လူနှင့် ပေါင်းဆက်ရန်

ထည့်ခံရာ လူသားကို

အသစ်မွေးဖွားပြီ

အသက်တော် ထည့်သွင်းကာ

ပြည့်ဝသည့်တိုင်ဖြည့်

လူဖြင့် ကိုယ်တော်ထင်ရှား

တစ်လုံးတစ်ဝတည်း။

Verse 2

ဘုရား၏ သဏ္ဌာန်၌

လူကို ဖန်ဆင်းခဲ့

ထိုသို့ဖြင့် လူသားသည်

ကြံစည်တော် ပြီးမြောက်၊

လူသည် ကိုယ်တော်တိုင်ကို

အသက်ပင်အဖြစ်

ကိုယ်တော့်ပြည့်ဝခြင်းဖြစ်

ကိုယ်တော့် ဇနီးဖြစ်။

Verse 3

အသက်ကြွယ်ဝစီးဆင်း

လူသည် သဏ္ဌာန်ပြောင်း

အဖိုးတန် ကျောက်အဖြစ်

ကိုယ်တော့်သဏ္ဌာန်တူ

လူသည် တည်ဆောက်ခံကာ

ကိုယ်တော့်ကြင်ဖော်ဖြစ်

ကိုယ်တော်ကိန်းဝပ်နေရာ

နှလုံးတော် ကျေနပ်။

Verse 4

ဤသန့်ရှင်းသောမြို့တော်

ယေရုရှလင်သစ်

ဘုရားနှင့်လူ ပေါင်းစည်း

သူတို့နှင့်တူ ကိန်း

သူတို့ဖြစ်ခြင်း ဖြစ်လာ

ကိုယ်တော့်ထင်ရှားခြင်း

ဘုန်းတော်ကို မျှဝေရ

တစ်လုံးတစ်ဝတည်း။

Verse 5

ကိုယ်တော်သည် ဗဟိုဖြစ်

ပလလင်ပေါ် စိုးစံ

တန်ခိုး အသက်တော်ဖြင့်

တစ်စုတည်း စောင့်ထိန်း

ဘုန်းတော်အလင်းအားဖြင့်

အလင်း၌ စောင့်ထိန်း

ညီညွတ်မျှတ ဝမ်းမြောက်

ဘုရားဆိုင်ရာ၌။

Verse 6

ကိုယ်တော် အသက်ရေဖြစ်

အသက်မစရာ

သူတို့ဆာငတ်ခြင်းများ

ကိုယ်တော်ပြေပျောက်စေ

သူတို့ဖို့ ဗိမာန်တော်

ကိုယ်တော်၌ သူတို့

မျက်မှောက်တော်၌ အစဉ်

ဝတ်ပြုကိုးကွယ်ကြ။

Hymn details

Key: D Major

Audio