M645E981KC645MT645

ခရစ်တော်၌ ခပ်သိမ်းချုပ်ချာ

အဆုံးစွန်ဘုန်းထင်ရှားခြင်း-ခရစ်တော်သည် အရာခပ်သိမ်းကို ချုပ်ချာစေခြင်း

21

Verse 1

ခရစ်တော်၌ ခပ်သိမ်းချုပ်ချာ

ဘုရား၏စီမံကိန်းဖြစ်

ခရစ်တော် ဦးခေါင်း၊ ဗဟိုဖြစ်

အားလုံး ညီညွတ်မျှတနေ။

Verse 2

ဦးခေါင်းခရစ်တော် လယ်ဗဟို

တွင်းပိုင်း ဘုရား အလင်းဖြစ်

ဘုရားနှင့် ခရစ်တော်စိုးစံ

စိတ်နှလုံး အလိုပြည့်စေ။

Verse 3

ပါဝင်အရာ အသက် ခရစ်

အလင်း၌ ခပ်သိမ်းချုပ်ချာ

တန်ဆာပလာ သန့်ရှင်းသူများ

ဘုန်းတော်ကို တောက်ပထင်ရှား။

Verse 4

စာတန်သည် မိမိကို ထိုးသွင်း

လူအတွင်းကို ဖျက်ဆီးရန်

မှောင်မိုက်နှင့် ပျက်စီးခြင်းယူဆောင်

ဘုရားစီမံကို နှောင့်ယှက်။

Verse 5

ခရစ်တော်ကိုယ်တိုင် လူထဲသို့

အသက်ဖြစ် ကယ်တင်ရန်လာ

သေခြင်းနှင့် မှောင်မိုက်၏တန်ခိုး

ကျွန်ပြုစေခြင်း မရှိတော့။

Verse 6

ခန္ဓာတော် အသင်းတော်အားဖြင့်

ဦးခေါင်း ခရစ်၌ ချုပ်ချာ

အားလုံးသည် အတူညီညွတ်ကာ

ကြီးငယ်အားလုံး ဆက်နွယ်ကြ။

Verse 7

ခရစ် ဦးခေါင်းအရာအောက်၌

ပေါင်းစည်းခြင်း၌ တည်နေမည်

အသင်းတော် ထင်ရှားအလင်း၌

အားလုံး တစ်လုံးတစ်ဝတည်။

Verse 8

ခရစ်တော်ကို ဦးခေါင်း၊ ဗဟို

ပိုင်ဆိုင်ကာ ညီညွတ်မျှတ

ခန္ဓာတော်၏ ထွန်းလင်းခြင်းဖြင့်

လွတ်မြောက်ခြင်းကို ဝေမျှကြ။

Verse 9

မှောင်မိုက်၊ ပျက်စီးခြင်းမရှိတော့

သေခြင်း၊ ချည်းနှီး မရှိတော့

ချည်နှောင်ခြင်းမှ အားလုံးလွတ်မြောက်

ထာဝရကာလတိုင်အောင်။

Hymn details

Key: G Major

Audio