ဘုန်းထင်ရှားသော ပေါ်ထွန်းခြင်းမှာ
ဘုန်းမျှော်လင့်ခြင်း-ဘုရားသားများထင်ရှားပေါ်ထွန်းခြင်း
Verse 1
ဘုန်းထင်ရှားသော ပေါ်ထွန်းခြင်းမှာ
ဘုရားသားများ ထင်ရှားလာ
ဖန်ဆင်းခြင်းအားလုံး စောင့်လျက်နေ
သူတို့အားလုံး လွတ်မြောက်ရန်။
Verse 2
ဖန်ဆင်းခြင်းအားလုံး ညည်းတွားနေ
အနတ္တသို့ လိုက်ရလေ
ပြည့်ဝလွတ်မြောက်ခြင်းကို စောင့်နေ
ဖောက်ပြန်ခြင်း ကျွန်မှ လွတ်ရန်။
Verse 3
ကျွန်ုပ်တို့လည်း ညည်းတွားလျက်နေ
ရင့်ကျက်ခြင်းသို့ ရောက်သည့်တိုင်
သားဖြစ်ခြင်းသို့ ကြီးထွားလျက်နေ
ခရစ်တော်နှင့် သဏ္ဌာန်တူ။
Verse 4
စိတ်နှလုံးတွင်း ကိုယ်တော်အုပ်စိုး
အသက်တော်အစဉ်မစပေး
သခင်၊ ဘုရင်အဖြစ်ယူဆောင်
ကြွယ်ဝခြင်းဖြင့် ကျေနပ်ရပြီ။
Verse 5
အတွင်းမှ အုပ်စိုးခြင်းအားဖြင့်
ကိုယ်တော့်ပြည့်ဝခြင်းကျယ်ပြန့်လာ
အတွင်းပိုင်းနိုင်ငံတော်အုပ်စိုး
ခန္ဓာတော်ကောင်းချီးမဂင်္လာ။
Verse 6
ကောင်းကင်ဆိုင်ရာအုပ်စိုးခြင်းဖြင့်
ကောင်းကင်နိုင်ငံသားများသက်ရှင်
အုပ်စိုးခြင်းကို ဝန်ခံကြရာ
စိုးစံခြင်းကို ထင်ရှားစေကြ။
Verse 7
ကောင်းကင်ဆိုင်ရာ၌ သက်ရှင်ကြ
ကောင်းကင်ဆိုင်ရာတန်ခိုးပိုင်ဆိုင်
ကောင်းကင်အလင်း၌လျှောက်ကာတိုက်
နိုင်ငံတော်ထင်ရှားလာသည့်တိုင်။
Hymn details
Key: C Major
Audio