သံလွင်တောင်ပေါ်မှ ကိုယ်တော်ထွက်ခွာပြီးနောက်
ဘုန်းမျှော်လင့်ခြင်း-တောင့်တခြင်းနှင့်ဆုတောင်းခြင်း
Verse 1
သံလွင်တောင်ပေါ်မှ ကိုယ်တော်ထွက်ခွာပြီးနောက်
ပြန်ကြွလာရန် ဘယ်ကြောင့် ကြန့်ကြာသနည်း
နှစ်များစွာ ကြွလာတော်မူခြင်းတွက် တောင့်တ
ကျွန်ုပ်တို့ဆုတောင်းသံကို မကြားလော။
chorus
ကြွပါ၊ ကြွပါ
သခင့် ကြွလာခြင်း တောင့်တ
ကြွလာရန်ကတိသာ ကျွန်ုပ်တို့လိုရာ
ကိုယ်တော် လျင်မြန်ကြွမူပါ။
Verse 2
ချစ်သခင် ကိုယ်တော်တက်ကြွခဲ့ပြီး နှစ်မှ
ဤနေရာ ခပ်သိမ်း ခြောက်သွေ့၊ ရသာမဲ့
ဆုတောင်းခြင်းနှင့် စောင့်ကြည့်ခြင်းအချိန်တို့၌
အချိန်တိုင်း ကိုယ်တော်တွက် သက်ပြင်းချလေ။
chorus
ကြွပါ၊ ကြွပါ
သခင့် ကြွလာခြင်း တောင့်တ
ကြွလာရန်ကတိသာ ကျွန်ုပ်တို့လိုရာ
ကိုယ်တော် လျင်မြန်ကြွမူပါ။
Verse 3
ရှုချင်လည်း၊ ကိုယ်တော်နှင့် ဘယ်ခါတွေ့မည်နည်း
ငှက်များနှင့် ပန်းများ လှပနေသော်လည်း
နှစ်လိုဖွယ်ဖြစ်လည်း၊ ကျေနပ်မှုမပေးနိုင်
ချစ်ဖွယ်မျက်နှာတော်သာ ကျွန်ုပ်တောင့်တ။
chorus
ကြွပါ၊ ကြွပါ
သခင့် ကြွလာခြင်း တောင့်တ
ကြွလာရန်ကတိသာ ကျွန်ုပ်တို့လိုရာ
ကိုယ်တော် လျင်မြန်ကြွမူပါ။
Verse 4
စိတ်ထက်သန်လျက် ကိုယ်တော်ကြွလာခြင်းစောင့်မျှော်
မည်မျှစောင့်ရမည် ကျွန်ုပ်တို့မသိ
နေထွက်ချိန်မှ တောက်ပနေဝင်ချိန်အထိ
အချိန်တိုင်း ကြွလာခြင်း မြင်ရန် မျှော်လင့်။
chorus
ကြွပါ၊ ကြွပါ
သခင့် ကြွလာခြင်း တောင့်တ
ကြွလာရန်ကတိသာ ကျွန်ုပ်တို့လိုရာ
ကိုယ်တော် လျင်မြန်ကြွမူပါ။
Verse 5
မိုးရွာချိန်တိုင်း၊ လေပြင်းတိုက်ခတ်ချိန်တိုင်းမှာ
လသာချိန်တိုင်း၊ ပင်လယ်လှိုင်းထချိန်တိုင်း
ကြွလာတော်မူခြင်း ရှာတွေ့ရန် မျှော်လင့်နေ
အရိပ်မျှပင် မမြင်လျှင် စိတ်ပျက်လေ။
chorus
ကြွပါ၊ ကြွပါ
သခင့် ကြွလာခြင်း တောင့်တ
ကြွလာရန်ကတိသာ ကျွန်ုပ်တို့လိုရာ
ကိုယ်တော် လျင်မြန်ကြွမူပါ။
Verse 6
ကျွန်ုပ်တို့ထံ မိန့်တော်မူခြင်း မဟုတ်လျှင်
ကျွန်ုပ်တို့စိတ်ပျက်လျက်၊ ချောင်ခိုမည်သာ
ကြွလာခြင်းစောင့်နေရန် ကိုယ်တော့်အလိုတော်
ကိုယ်တော်တွက်သက်ရှင်၊ အားထုတ်လုပ်ဆောင်လေ။
chorus
ကြွပါ၊ ကြွပါ
သခင့် ကြွလာခြင်း တောင့်တ
ကြွလာရန်ကတိသာ ကျွန်ုပ်တို့လိုရာ
ကိုယ်တော် လျင်မြန်ကြွမူပါ။
Verse 7
အို သခင်၊ ရှည်လျားရက်များ အောက်မေ့မူပါ
လွန်မသွားခင် ကိုယ်တော် ကတိတော်ပေး
ကျွန်ုပ်တို့စောင့်မျှော်နေ အစဉ် စောင့်မျှော်နေ
ကြွတော်မူပါ၊ ယနေ့ပင် ကြွမူပါ။
chorus
ကြွပါ၊ ကြွပါ
သခင့် ကြွလာခြင်း တောင့်တ
ကြွလာရန်ကတိသာ ကျွန်ုပ်တို့လိုရာ
ကိုယ်တော် လျင်မြန်ကြွမူပါ။
Hymn details
Key: G Major
Audio