M640E942KC640MT640

ဘုရားနိုင်ငံတော်မြေကြီးပေါ်

နိုင်ငံတော်-အတွင်းပိုင်းစိုးစံခြင်း

21

Verse 1

ဘုရားနိုင်ငံတော်မြေကြီးပေါ်

ကိုယ်တော်သည် အတွင်းမှ စိုးစံ

ကျွန်ုပ်တို့၌ ခရစ်တော်ရှင်

သခင်၊ ဘုရင်၊ အုပ်စိုး၊ စိုးစံ။

Verse 2

အသက်တော်၊ အခွင့်အာဏာတော်

စိတ်နှလုံးအတွင်း စိုးစံနေ

စကား၊ ပြုမူရာကို အုပ်စိုး

အတွင်းပိုင်းများကို ထိန်းချုပ်ပေး။

Verse 3

စိတ်နှလုံးတွင်း သခင်အုပ်စိုး

ကိုယ်တော်၏နိုင်ငံတော်တည်စေ

ကိုယ်တော်ပြည့်ဝစိုးစံခွင့်ရ

ဘုရားကြံစည်တော်ပြင်ဆင်ပြီ။

Verse 4

စိတ်နှလုံးတွင်း ကိုယ်တော်အုပ်စိုး

အသက်တော်အစဉ်မစပေး

သခင်၊ ဘုရင်အဖြစ်ယူဆောင်

ကြွယ်ဝခြင်းဖြင့် ကျေနပ်ရပြီ။

Verse 5

အတွင်းမှ အုပ်စိုးခြင်းအားဖြင့်

ကိုယ်တော့်ပြည့်ဝခြင်းကျယ်ပြန့်လာ

အတွင်းပိုင်းနိုင်ငံတော်အုပ်စိုး

ခန္ဓာတော်ကောင်းချီးမဂင်္လာ။

Verse 6

ကောင်းကင်ဆိုင်ရာအုပ်စိုးခြင်းဖြင့်

ကောင်းကင်နိုင်ငံသားများသက်ရှင်

အုပ်စိုးခြင်းကို ဝန်ခံကြရာ

စိုးစံခြင်းကို ထင်ရှားစေကြ။

Verse 7

ကောင်းကင်ဆိုင်ရာ၌ သက်ရှင်ကြ

ကောင်းကင်ဆိုင်ရာတန်ခိုးပိုင်ဆိုင်

ကောင်းကင်အလင်း၌လျှောက်ကာတိုက်

နိုင်ငံတော်ထင်ရှားလာသည့်တိုင်။

Hymn details

Key: G Major

Audio