သီတင်းပတ် နောက်တစ်ခုရောက်
သခင်ဘုရားနေ့-သိတင်းပတ်၏အကောင်းဆုံး
21
Verse 1
သီတင်းပတ် နောက်တစ်ခုရောက်
ဘုရားသည် ကူညီမစ
ယခု ကောင်းချီးရှာဖွေစို့
သခင်ဘုရားနေ့တော်မြတ်
သီတင်းပတ်ထဲ မြတ်ဆုံးနေ့
ထာဝရနားခိုခြင်း ဆောင်။
Verse 2
မစကျေးဇူးတွက် ဆုတောင်း
ရွေးနုတ်ရှင်နာမတော်၌
သင့်မြတ်စေ မျက်နှာတော်ပြ
အပြစ်၊ ရှက်ဖွယ် ဖယ်ရှားပေး
လောကစိုးရိမ်မှုမှလွတ်
ဤနေ့တွင် ကိုယ်တော်၌နား။
Verse 3
နာမတော် ချီးမွမ်းရန် လာ
မျက်မှောက်တော် နီးကပ်ခံစား
ဘုန်းတော်ကို မြင်လိုပါ၏
အိမ်တော်၌ ကျွန်ုပ်တို့လာ
သခင်ကို မြည်းစမ်းစေပါ
ကာလအစဉ် စားသောက်ပွဲ။
Verse 4
ဧဝံဂေလိဝမ်းမြောက်သံ
ပြစ်သားရယူ၊ နှစ်သိမ့်ပေး
ကျေးဇူးတော် အသီး ကြွယ်ဝ
အားလုံးတွက် စိတ်သက်သာရာ
သခင်ဘုရားနေ့များသည်
ထက်မှ သခင် တွေ့သည့်တိုင်။
Hymn details
Key: D Major
Audio