M638E939KC638MT638

အို ရှင်ပြန်ထမြောက်ရာနေ့

သခင်ဘုရားနေ့-ရှင်ပြန်ထမြောက်ရာနေ့

21

Verse 1

အို ရှင်ပြန်ထမြောက်ရာနေ့

ဝမ်းမြောက်ခြင်း၊ အလင်း နေ့

အို ရွေးနုတ်ခြင်း တံဆိပ်တော်

လှပဆုံး၊ တောက်ပဆုံး

ကြီးငယ်အားလုံး ထံတော်၌

ပလ္လင်တော်ရှေ့ဦးညွတ်

"သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း"ဆို

ကြီးမြတ် သုံးပါးတစ်ပါး။

Verse 2

ဖန်ဆင်းခြင်း ဖြစ်တည်ရာ၌

အလင်းသည် အစပြု

ကျွန်ုပ်တို့ကယ်တင်ခြင်းတွက်

မြေမှထမြောက် ခရစ်

အောင်နိုင်ရှင် သခင်ဘုရား

ထက်မှ ဝိညာဉ်တော်လွှတ်

ဘုန်းကြီးအရှင် ကိုယ်တော်၌

သုံးဆအလင်းကိုပေး။

Verse 3

ယနေ့ ပင်ပန်းလူမျိုးထံ

ကောင်းကင်မန္နဆင်းကျ

သန့်ရှင်းသောစည်းဝေးရာသို့

ငွေတံပိုးမှုတ်သံကြား

ဧဝံဂေလိအလင်းထွန်း

စင်ကြယ် တောက်ပရောင်ခြည်

အသက်ရေ စီးဆင်းလေရာ

စိတ်လန်းဆန်းစေ စမ်းချောင်း။

Verse 4

ကျေးဇူးအသစ် အစဉ်ရ

အကောင်းဆုံး ဤနေ့ရက်

နားခိုခြင်း၌ တည်နေကြ

ကောင်းချီးခံလူများတွက်

သန့်ရှင်းဝိညာဉ်ကိုချီးမွမ်း

ခမည်းတော်နှင့်သားတော်

အသင်းတော်သည် အသံလွှင့်

ကိုယ်တော်ကို ကောင်းချီးပေး။

Hymn details

Key: D Major

Audio