M637E937KC637MT637

သခင်၊ ဗတ္တိဇံဖြင့် ဝန်ခံ

ဗတ္တိဇံ-မြှုပ်နှံခံခြင်းနှင့် ထမြောက်ခြင်း

21

Verse 1

သခင်၊ ဗတ္တိဇံဖြင့် ဝန်ခံ

သေခံခြင်း၌ ပေါင်းစည်း

ကရုဏာနှင့် ကျေးဇူးတော်ဖြင့်

ဖိုးထိုက်ခြင်းကို ဖွင့်ပြ။

Verse 2

ဗတ္တိဇံဖြင့် သေခံခြင်း၌

ကိုယ်တော်နှင့်တူမြှုပ်နှံ

အပြစ်သို့ အစဉ်သေခဲ့ပြီ

ချည်နှောင်ခြင်းမှ လွတ်ပြီ။

Verse

ဗတ္တိဇံဖြင့် သေခံခြင်း၌

ကိုယ်တော်နှင့်တူမြှုပ်နှံ

လောကကို နှုတ်ဆက်ထားခဲ့ပြီ

စာတန်ကျွန်မှ လွတ်ပြီ။

Verse 4

ကိုယ်တော်နှင့်တူ ရှင်ပြန်ထမြောက်

သေခြင်းတန်ခိုးမှ လွတ်

သန့်ရှင်းခြင်းအသီး ယခုဆောင်

ကိုယ်တော်နှင့် အသက်သစ်။

Verse 5

ချစ်ဖွယ်နာမသို့ နှစ်ခြင်းခံ

မိမိကိုယ် မပိုင်တော့

ခြေတော်ရာလိုက်၊ ကိုယ်တော်တွက် ရှင်

တစ်လုံးတစ်ဝ အစဉ်။

Hymn details

Key: D Major

Audio