ကျွန်ုပ်ပေါ် မှုတ်သွင်းပါ
အသင်းတော်-သူမ၏တည်ဆောက်ခြင်း
21
Verse 1
ကျွန်ုပ်ပေါ် မှုတ်သွင်းပါ
ညှိုးငယ်ဝိညာဉ် နိုးစေ
ကြောက်ရွံ့ခြင်း၊ သေခြင်းမှ ကယ်တင်
ချီးမွမ်းခြင်းအသက်သို့။
Verse 2
ကျွန်ုပ်ပေါ် မှုတ်သွင်းပါ
ဝိညာဉ်ခွန်အား ယူဆောင်
ပြေးသော၊ လျှောက်လှမ်းသော၊ မမောသော
လင်းယုန်အတောင်ပေါ်သို့။
Verse 3
ကျွန်ုပ်ပေါ် မှုတ်သွင်းပါ
ကျွန်ုပ်နားခိုနိုင်ရန်
နှလုံး၊ ဝိညာဉ် ဝမ်းမြောက်ရွှင်လန်း
ရင်တော်ပေါ် မှီခိုနေ။
Verse 4
ကျွန်ုပ်ပေါ် မှုတ်သွင်းပါ
ကိုယ်တော်နှင့် ပြည့်ဝတိုင်
ကျွန်ုပ်မရှင် ခရစ်တော်ရှင်
စဉ်းစား၊ ပြောဆိုခြင်း၌။
Verse 5
ကျွန်ုပ်ပေါ် မှုတ်သွင်းပါ
လွတ်လပ်မှု တို့ထိပါ
ခန္ဓာတော်၌ တည်ဆောက်ခံရန်
သန့်ရှင်းသူအားလုံးတူ။
Hymn details
Key: G Major
Audio