လိမ္မာကျွမ်းကျင်အိုးထိန်းရှင်
အသင်းတော်-သူမ၏တည်ဆောက်ခြင်း
Verse 1
လိမ္မာကျွမ်းကျင်အိုးထိန်းရှင်
ဘုန်းထင်ရှားသော တည်ဆောက်သူ
ကြီးမြတ်တန်ဆာကို ပုံသွင်း
အိမ်တော် တည်ဆောက်ခြင်း မြင်ရ
ကျွန်ုပ်သည် မြေမှုန့်လူသား
အသစ်-ပြုပြင် သက်ရှင်ကျောက်
သို့မှ တန်ဆာ ကျွန်ုပ်သည်
ကိုယ်တော်ပိုင်ရာ ဗိမာန်တော်။
Verse 2
မြေမှုန့်ဖြင့် ပြုလုပ်ခံရ
သို့သော် ပုံသဏ္ဌာန်ပြောင်းပေး
စင်ကြယ် ရွှေ အသက်တော်ဖြင့်
ဖိုးတန်ကျောက်သို့ သဏ္ဌာန်တူ
တည်ဆောက်သော အလုပ်အားဖြင့်
ချစ်ဖွယ် သတို့သမီးဖြစ်
ခန္ဓာတစ်ကိုယ်သို့ ဆက်နွှယ်
နှလုံးတော် ကျေနပ်စေပြီ။
Verse 3
နှလုံးတော် လိုလား၊ ချစ်ရာ
ဖိုးတန်ကျောက် သက်သက်မဟုတ်
အတူတကွ တည်ဆောက်ရန်
ဘုန်းတော်တွက်၊ အိမ်တော်တွက်ဖြစ်
ရာအားလုံးပါဝင် ခရစ်
တည်ဆောက်ခံ သင်းတော် လိုအပ်
သို့မှ ဘုန်းကြွယ်ဝခြင်းများ
အလင်းတော် ဖြာထွက်ထင်ရှား။
Verse 4
ဝိညာဉ်ရေးရာရှိ ပုဂ္ဂိုလ်
တစ်ဦးချင်း နည်းလမ်းမဟုတ်
စုပေါင်း အသက် ထင်ရှားကာ
နှလုံးတော် အလို ပြသ
အင်္ဂါများ သီးခြားဖြစ်ခြင်း
ပြည့်စုံထင်ရှားခြင်း မဟုတ်
ခန္ဓာတော် ညှိညွတ်တည်ဆောက်
ပြည့်ဝပြည့်စုံခြင်း ထင်ရှား။
Verse 5
သန့်ရှင်းသူများနှင့် တည်ဆောက်
လွတ်လပ်ခွင့် မပြုပါနှင့်
သို့သော် ကြံစည်တော်အတိုင်း
ကိုက်ညီစေ၊ ပေါင်းဆက်မူပါ
တွေ့ကြုံ၌ ဝါကြွားမပြု
ဆုကျေးဇူး၌ မထောင်လွှား
တည်ဆောက်ခြင်းတွက် အားလုံးပေး
သို့မှ ကိုယ်တော့် ဘုန်းထင်ရှား။
Hymn details
Key: D Major
Audio