M626E844KC626MT626

စကားတော်ကို မှုတ်သွင်းမူပါ

အသင်းတော်-သူမ၏တည်ဆောက်ခြင်း

21

Verse 1

စကားတော်ကို မှုတ်သွင်းမူပါ

ခြောက်သွေ့အရိုး မြေပေါ်ပြန့်ကျဲ

ပတ်လည်တို့၌ သေခြင်းပြည့်နေ

ကျွနု်ပ်တို့ပေါ် မှုတ်သွင်းပါ။

Verse 2

စကားတော်ကို မှုတ်သွင်းမူပါ

အရိုးများကို ရှင်သန် နိုးစေ

သို့မှ သေခြင်းကို စွန့်ခွာနိုင်

ကျွန်ုပ်တို့ပေါ် မှုတ်သွင်းပါ။

Verse 3

စကားတော်ကို မှုတ်သွင်းမူပါ

လူများအားလုံး အသက်ရှင်စေ

ခွန်အားကြီးသော စစ်တပ်ဖြစ်လာ

ကျွန်ုပ်တို့ပေါ် မှုတ်သွင်းပါ။

Verse 4

စကားတော်ကို မှုတ်သွင်းမူပါ

လူများအားလုံး တစ်စုတည်းဖြစ်

သားတော်ဦးဆောင် လမ်းပြပေးပါ

ကျွန်ုပ်တို့ပေါ် မှုတ်သွင်းပါ။

Verse 5

စကားတော်ကို မှုတ်သွင်းမူပါ

ကျေးဇူးတော်ဖြင့် ဖြည့်ပေးမူပါ

ကိန်းဝပ်နေရာ ကိုယ်တော်နားခို

ကျွန်ုပ်တို့ပေါ် မှုတ်သွင်းပါ။

Verse 6

ကျွန်ုပ်အပေါ် စကားပြောပါ

ခန္ဓာတော်တည်ဆောက်ရန် နိုးစေ

သီးခြားခွဲခြင်း မရှိတော့ပြီ

ကျွန်ုပ်အပေါ် မှုတ်သွင်းပါ။

Verse 7

ကျွန်ုပ်အပေါ် စကားပြောပါ

သန့်ရှင်းသူများနှင့်တူ တိုက်ခိုက်

အိမ်တော်၌ ကိုယ်တော်နှစ်သက်ရာ

ကျွန်ုပ်အပေါ် မှုတ်သွင်းပါ။

Hymn details

Key: C Major

Audio