''လူသည် မုန့်အားဖြင့်သာ မရှင်
နှုတ်ကပတ်တော်ကို လေ့လာခြင်း-နှုတ်ကပတ်တော်၏လုပ်ဆောင်ချက်
Verse 1
''လူသည် မုန့်အားဖြင့်သာ မရှင်
သို့သော် ဘုရား၏နှုတ်တော်မှ
မိန့်မှာသမျှ'' စားသုံးရမည်
ကျွန်ုပ်တို့အသက် ဖြစ်လာစေ။
Verse 2
ကျွန်ုပ်တို့၌ ခန္ဓာမက၊
ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်လည်းပါ
တွင်းဆုံးအပိုင်းရှိ ဝိညာဉ်သည်
ဘုရားကို ဆက်သွယ်၊ လိုက်လျှောက်ရန်။
Verse 3
မြေကြီးအစာ လိုအပ်နည်းတူ
ခန္ဓာလိုအပ်ချက် ကျေနပ်စေ
ဝိညာဉ်လည်း အစာကို လိုအပ်
ကိုယ်တော်တိုင်၊ နှုတ်တော်၊ မစရာ။
Verse 4
ဝိညာဉ်တော်ဖြစ်၊ နှုတ်ကပတ်သည်
ကိုယ်တော်တိုင်ကို ထင်ရှားပြသ
ဝိညာဉ်တော်အဖြစ် ကိုယ်တော်သည်
ကျွန်ုပ်တို့ဝိညာဉ်ဖြင့် လက်ခံ။
Verse 5
နှုတ်ကပတ် လက်ခံယူခြင်းမှာ
မျက်စိဖြင့် ဖတ်ရုံသာမဟုတ်
အသိဥာဏ်နားလည်ရုံမဟုတ်
ဝိညာဉ်လေ့ကျင့်ခြင်းဖြင့် ရယူ။
Verse 6
ဝိညာဉ်၌ နှုတ်တော် စားသုံးရ
အတွင်းဆုံးပိုင်း၌ လက်ခံယူ
ကျွန်ုပ်တို့ဝိညာဉ် လေ့ကျင့်ကာ
ရရှိအသိဖြင့် ဆုတောင်းကြ။
Verse 7
အသိဥာဏ်၌ နှုတ်တော်တည်လာ
အသိသက်သက်သည် ဝန်လေးစေ
ထိုမှ ဝိညာဉ်သို့ ရောက်သောခါ
အသက်နှင့်ဝိညာဉ် ဖြစ်လာပြီ။
Verse 8
ကျွန်ုပ်တို့ဝိညာဉ် လှုပ်ရှားကာ
နှုတ်တော်ရယူ၊ ကိုယ်တော့် ဆက်သွယ်
နှုတ်တော်အားဖြင့် ကျွေးမွေးခံရ
အတွင်းဆုံး၌ ကိုယ်တော် ထိတွေ့။
Verse 9
မည်သို့လေ့ကျင့်ရန် သွန်သင်ပါ
နှုတ်တော်ကို ဝိညာဉ်၌ ဖတ်ရန်
သို့မှ ဝိညာဉ် ကျွေးမွေးခံရ
ကိုယ်တော်အားဖြင့် ကျွေးမွေးခံရ။
Hymn details
Key: D Major
Audio