ဘုရား သခင်မိန့်မြွက်၊ ဘုရားကို ဖွင့်ပြ
နှုတ်ကပတ်တော်ကို လေ့လာခြင်း-နှုတ်ကပတ်တော်၏လုပ်ဆောင်ချက်
Verse 1
ဘုရား သခင်မိန့်မြွက်၊ ဘုရားကို ဖွင့်ပြ
ဘုရားဇာတိ ပုဂ္ဂိုလ်အားလုံး ထင်ရှားပြီ
အာဒံသားများထံ နက်နဲရာ ဖွင့်ပြပြီ
ရှင်းလင်းဖော်ပြကာ၊ ထင်ရှားခြင်းရှိစေပြီ။
Verse 2
ဘုရားသခင်မိန့်မြွက်၊ စိတ်နှလုံးဖွင့်ပြ
သားတော်သည် ခပ်သိမ်း၌ အဦးဆုံးဖြစ်ရာ
ချစ်သားတော်၌ ကိုယ်တော်သည် ဘုန်းထင်ရှားမည်
ဖန်ဆင်းခြင်းအားလုံး ကြီးငယ်ရာများ အလယ်။
Verse 3
ဘုရား သခင်မိန့်မြွက်၊ ခရစ်တော် ဖွင့်ပြ
ကိုယ်တော်သည် ဘုရားဖြစ်ကာ၊ လူလည်း ဖြစ်မူ
အလုံးစုံဖြစ်မူ၊ ကိုယ်တော်၌ ခပ်သိမ်းတည်
ထာဝရကြံစည်၏ ဗဟိုနှင့် အဝန်း။
Verse 4
ဘုရား သခင်မိန့်မြွက်၊ နက်နဲခြင်း ပြသ
ခရစ်တော် ထင်ရှားကာ အကြံတော်သိစေ
ဘုရားပြည့်ဝခြင်း ခရစ်တော် ဦးခေါင်းတော်
အသင်းတော် ခန္ဓာတော် ကြွယ်ဝခြင်းနှင့်ဖြည့်။
Verse 5
ဘုရား သခင်မိန့်မြွက်၊ ကောင်းကင်မှ ဖော်ပြ
သုံးပါးတစ်ပါးသည် ဖန်ဆင်းခံလူနှင့် ပေါင်း
သားတော်၌ အဖ၊ သားတော်သည် ဝိညာဉ်တော်
ကြံစည်တော်ပြည့်စုံရန် ခန္ဓာတော်၌ ကိန်း။
Verse 6
ဘုရား သခင်မိန့်မြွက်၊ ဖွင့်ပြခြင်းပေးပြီ
ကြီးမားဖန်ဆင်းခြင်းနှင့် နှိမ့်ချမွေးဖွားခြင်း
ကြီးမားရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်း ပြည့်စုံ
ကိုယ်တော်ကြင်နာခြင်း မြေကြီးကို ဖုံးလွှမ်းစေ။
Hymn details
Key: D Major
Audio