ခရစ်သည် နှုတ်တော်၊ ဝိညာဉ်တော်
နှုတ်ကပတ်တော်ကို လေ့လာခြင်း-နှုတ်ကပတ်တော်နှင့်ဝိညာဉ်တော်
Verse 1
ခရစ်သည် နှုတ်တော်၊ ဝိညာဉ်တော်
နှုတ်တော်၌ ဝိညာဉ်တော်ဖြစ်မူ
ကိုယ်တော် ပြောသမျှ စကားများ
အသက်နှင့် ဝိညာဉ်ကို ပေးအပ်။
Verse 2
သန့်ရှင်းနှုတ်ကပတ် အပြင်ပိုင်း
သန့်ရှင်းဝိညာဉ်တော် အတွင်းပိုင်း
ဘုရားဆိုင်ရာ ကြီးမြတ် လက်ဆောင်
ဘုရားကို ကျွန်ုပ်တို့မွေ့လျော်။
Verse 3
နှုတ်တော်က ဝိညာဉ်တော် ထင်ရှား
ဝိညာဉ်တော်သည် စစ်မှန်ခြင်းဖြစ်
အရာတစ်ခု သွင်ပြင်နှစ်ခု
သီးခြားခွဲထားခြင်း မရှိနိုင်။
Verse 4
ဝိညာဉ်တော် နှုတ်တော်၌ ထွန်းလင်း
နှုတ်တော်သည် အသက်ဖြစ်လာပြီ
နှုတ်တော်မှ ဝိညာဉ်တော် ခွဲလျှင်
ချည်းနှီးစိတ်၏ လှုံ့ဆော်မှုသာ။
Verse 5
ဝိညာဉ်၌ နှုတ်တော်ကို ထိတွေ့
ဝိညာဉ်တော်သည် အသက်ဖြစ်လာ
ဝိညာဉ်တော် ထင်ရှားလာသောခါ
ခြားသူထံ အသက်စကားဖြစ်။
Verse 6
ကျွနု်ပ်တို့ ဝိညာဉ် လေ့ကျင့်ကာ
နှုတ်တော်ကို အတွင်းပိုင်း ရယူ
ဝိညာဉ်တော်ကို ပေးအပ်ခြင်းငှာ
နှစ်ခုသည် တစ်ခုတည်း ဖြစ်ရန်။
Verse 7
သခင် နှုတ်တော်သည် ကျွန်ုပ်၌
အသက်မစရာ ဝိညာဉ်တော်
နှုတ်ကပတ်၌ ဝိညာဉ်တော်သည်
ကျွန်ုပ်၏ ဟုတ်မှန် ထင်ရှားခြင်း။
Hymn details
Key: D Major
Audio