M61E64KC61MT61

မည်မျှရွှင်လန်းရာဝတ္ထု

သခင်ဘုရားကိုချီးမွမ်းခြင်း - လူသားဇာတိ

21

Verse 1

မည်မျှရွှင်လန်းရာဝတ္ထု

တန်ခိုးတော်၊ ကျေးဇူးတော်

ဘုန်းရောင်ခြည်တော်ထွန်းလင်းရာ

မျက်နှာတော်၌ ဘုန်းထင်

ဘုန်းတော်၌ ချီဆောင်ခြင်းခံ

အံ့သြဖွယ်သောအရှင်

လေးမြတ်ဖွယ်ကောင်းသောအရှင်

နှစ်သက်ဖွယ်ကောင်းမြတ်လှ။

Verse 2

စုံလင်သောလူသားဖြစ်မူ

ဘုရားဇာတိပြည့်ဝ

ဘုရားနှင့်လူသားမေတ္တာ

လူသားနှင့်ဘုရားဖြစ်

အသေခံခြင်း၊ တက်ကြွခြင်း

ဘုရားမေတ္တာပြပြီ

မြေကြီးပေါ်နိမ့်ကျလူသား

သို့သော်ဘုရားဖြစ်မူ။

Verse 3

ညစ်စွန်းကင်းဘုန်းရောင်ခြည်တော်

ဘုန်းတော်ထွန်းမျက်နှာတော်

စစ်၍မကုန်ကြွယ်ဝခြင်း

ကျေးဇူးတော်၌ မစပေး

ကိုယ်တော်နှင့်လုံးလုံးတူစေ

မေတ္တာ၌ ဖူးမြင်မည်

ချိုမြိန်မျက်နှာတော်မြင်ရ

လူသားဖြစ်သောကိုယ်တော်။

Hymn details

စာသား: F. Allaben

သံစဉ်: C. and F. Jouard

Meter: 7.6.7.6.D.

Key: A Major

Time: 4/4

Audio