M60E62KC60MT60

သခင်ယေရှုကို လေးမြတ်ကြ

သခင်ဘုရားကိုချီးမွမ်းခြင်း - လူသားဇာတိ

21

Verse 1

သခင်ယေရှုကို လေးမြတ်ကြ

" မိန်းမမျိုးနွယ် " ဖြစ်လာခဲ့

အပျိုကညာမှမွေးဖွားလာ

လူသားနာမရှိမူ၏

လူသားသဘောသဘာဝယူ

လူသားသည် မြွေကိုနင်းခြေ

ကားတိုင်ပေါ် မြွေခေါင်းကြိတ်ခြေပြီ

ဘုရားစီမံချက်ပြည့်စေ။

chorus

ဘုန်းတော်မြင်ရကြပြီ

ပြသလူသားလှပ

ဘုန်းတော်ပြည့်ဝထယ်ဝါခြင်းများ

လူသား၌ ထင်ရှား။

Verse 2

လူ့ဇာတိခံယူ လူသားဖြစ်

သွေးသားကို ယူတင်ဝတ်ဆင်

ကျွန်ုပ်တို့အတွက် ကိုယ်စားခံ

မာရ်နတ်စာတန်ဖျက်ဆီးရန်

ယေရှုအမည်ခေါ်ဝေါ်ခြင်းခံ

ဧမာနွေလဖြစ်မူ၏

ဖိုးထိုက်သောကယ်တင်ရှင်ဖြစ်လာ

ကယ်တင်ခြင်းအမှုပြုပေး။

chorus

ဘုန်းတော်မြင်ရကြပြီ

ပြသလူသားလှပ

ဘုန်းတော်ပြည့်ဝထယ်ဝါခြင်းများ

လူသား၌ ထင်ရှား။

Verse 3

နောက်ဆုံးအာဒံ၊ ကိုယ်တော်ဖြစ်မူ

" ဒုတိယလူ " ခေါ်ဝေါ်ခံ

ဖန်ဆင်းခြင်းအသစ်၏ဦးခေါင်း

ပထမလူထက် ကောင်းမြတ်

မြေကြီးပေါ် သက်ရှင်၊ ပြုမူခြင်း

လူသားစင်စစ်ဖြစ်မူ၏

ခုကောင်းကင်၌ ကိုယ်တော်ရှိနေ

လူသားဖြစ်ထင်ရှားလျက်နေ။

chorus

ဘုန်းတော်မြင်ရကြပြီ

ပြသလူသားလှပ

ဘုန်းတော်ပြည့်ဝထယ်ဝါခြင်းများ

လူသား၌ ထင်ရှား။

Verse 4

ဘုရားစီရင်သောအချိန်၌

ချစ်သခင်၊ ပြန်ကြွလာမည်

ခမည်းတော်၏ဘုန်းတော်ဖြင့်ကြွ

သို့သော်ထင်ရှားရာလူသား

တရားစီရင်သောပလ္လင်ပေါ်

လူသားအဖြစ် စီရင်မည်

လူသားဇာတိသဘာဝသည်

ထာဝရတည်နေမည်ပင်။

chorus

ဘုန်းတော်မြင်ရကြပြီ

ပြသလူသားလှပ

ဘုန်းတော်ပြည့်ဝထယ်ဝါခြင်းများ

လူသား၌ ထင်ရှား။

Hymn details

စာသား: Witness Lee

သံစဉ်: Herbert Howard Booth

Meter: 8.7.8.7.D. with chorus.

Key: Eb Major

Time: 4/4

Audio