ယေရှု၊ ချစ်သောနာမ
သခင်ဘုရားကို ချီးမွမ်းခြင်း - နာမတော်
21
Verse 1
ယေရှု၊ ချစ်သောနာမ
သခင်ယေရှု
ယေရှု၊ မြတ်ဆုံးနာမ
သခင်ယေရှု။
ကိုယ်တော်သည် ရာအားလုံး
ကျွန်ုပ်ဘာမျှမဟုတ်
ကိုယ်တော်တစ်ပါးတည်းသာ
သခင်ယေရှု။
Verse 2
ကိုယ်တော်သည် လူသားဖြစ်
သခင်ယေရှု
ကျွန်ုပ်တွက် သက်တော်စွန့်
သခင်ယေရှု
မေတ္တာတော်လွန်ကြီးမား
ခြားမေတ္တာထက်သာလွန်
မေတ္တာသက်သေပြပြီ
သခင်ယေရှု။
Verse 3
ကိုယ်တော်သာ ဖြောင့်မတ်ရှင်
သခင်ယေရှု
ကိုယ်တော်သာ ခိုလုံရာ
သခင်ယေရှု
ခြားကြောက်ရွံ့ရာမရှိ
ဒုက္ခ၊ ပူဆွေးရှိလည်း
ကိုယ်တော်အနီးတွင်ရှိ
သခင်ယေရှု။
Verse 4
ကိုယ်တော်ပြန်ကြွလာမည်
သခင်ယေရှု
မည်မျှဝမ်းမြောက်ရမည်
သခင်ယေရှု
မျက်နှာတော်မြင်ရမည်
ကိုယ်တော်နှင့်တူညီမည်
ကိုယ်တော်နှင့်ထာဝရ
သခင်ယေရှု။
Hymn details
စာသား: James George Deck
သံစဉ်: Lowell Mason
Meter: 6.4.6.4.6.6.6.4.
Key: F Major
Time: 4/4
Audio