M607E746KC607MT607

သခင်၊ ဝိညာဉ်သိရန် သွန်သင်ပါ

အတွင်းအသက်၏ပုံပန်းသဏ္ဌာန်အမျိုးမျိုး-ဝိညာဉ်ကို ပိုင်းခြားသိမြင်ခြင်း

21

Verse 1

သခင်၊ ဝိညာဉ်သိရန် သွန်သင်ပါ

စိတ်မှ ကိုယ်တော်တိုင်ကို သိရန်

ကျွန်ုပ်တို့ဝိညာဉ်ရှိ ဝိညာဉ်တော်

တစ်လုံးတစ်ဝ ရောနှောပေါင်းစည်း။

Verse 2

သခင်၊ ဝိညာဉ်သိရန် သွန်သင်ပါ

စိတ်အသက်ကို ငြင်းပယ်ဖို့ရာ

ဝိညာဉ်၌ နောက်တော်အမြဲလိုက်ကာ

ဝိညာဉ်တော်ကိုယ်တိုင်ကို ယူဆောင်။

Verse 3

သခင်၊ ဝိညာဉ်သိရန် သွန်သင်ပါ

အသိÓဏ် သွေးသားပေါ် မထား

ဝိညာဉ်ပေါ် အမြဲထားရှိစေပါ

အပြစ်၊ အတ္တ မချည်နှောင်တော့။

Verse 4

သခင်၊ ဝိညာဉ်သိရန် သွန်သင်ပါ

စိတ်ဆိုင်ရာလူ မဖြစ်ဖို့ရာ

ဝိညာဉ်၌ ဝိညာဉ်ဆိုင်ရာဖြစ်ကာ

ခပ်သိမ်းကို ပိုင်းခြားသိမြင်ရ။

Verse 5

သခင်၊ ဝိညာဉ်သိရန် သွန်သင်ပါ

ဝှက်ထားအတ္တ ဖော်ထုတ်ခံရန်

သို့မှ ကားတိုင်ကို ယူဆောင်ခြင်းဖြင့်

ကိုယ်တော်အားဖြင့် အသက်ရှင်မည်။

Verse 6

သခင်၊ ဝိညာဉ်သိရန် သွန်သင်ပါ

စိတ်၌သဏ္ဌာန်ပြောင်းလဲခံရန်

ကိုယ်တော့်သဏ္ဌန်သို့ တူညီလာတိုင်

ရင့်ကျက်၍ ပန်းတိုင်ရောက်သည့်တိုင်။

Verse 7

သခင်၊ ဝိညာဉ်သိရန် သွန်သင်ပါ

သက်ရှင်နှုတ်ကပတ်တော် ပေးထား

ဝိညာဉ်မှ စိတ်သည် ပိုင်းခြားခံကာ

သန့်ရှင်းဆုံးနေရာ၌ သက်ရှင်။

Hymn details

Key: D Major

Audio