M606E743KC606MT606

ဘုရားဖန်ဆင်း တန်ဆာပလာ

အတွင်းအသက်၏ပုံပန်းသဏ္ဌာန်အမျိုးမျိုး - အသစ်သောစိတ်နှလုံးနှင့် အသစ်သောဝိညာဉ်

21

Verse 1

ဘုရားဖန်ဆင်း တန်ဆာပလာ

ကိုယ်တော့်ထင်ရှားခြင်း အောင်မြင်

စိတ်နှလုံးဖြင့် ကိုယ်တော်ကိုချစ်

ဝိညာဉ်ဖြင့် လက်ခံရပြီ။

Verse 2

စိတ်နှလုံး ကိုယ်တော်ကို ချစ်မည်

ဝိညာဉ်၌ ကိုယ်တော့်ပိုင်ဆိုင်

ကိုယ်တော်ကို အသက်ဖြစ် ယူဆောင်

ကိုယ်တော်တိုင်ကို ထင်ရှားစေ။

Verse 3

စိတ်နှလုံးကို စာတန်ဖျက်ဆီး

ကျွန်ုပ်တို့ဝိညာဉ် သေစေ

သခင်ကို မထိတွေ့စေဘဲ

အတ္တဖြင့်သာ သက်ရှင်စေ။

Verse 4

သို့သော် သခင် ကယ်တင်ခြင်း၌

စိတ်နှလုံး၊ ဝိညာဉ် သစ်လွင်

လက်ခံအင်္ဂါကို ပြန်ရယူ

ချစ်ခြင်းစွမ်းရည်လည်း ရယူ။

Verse 5

စိတ်နှလုံးသစ်ပြုပြင်ခြင်းဖြင့်

မေတ္တာဖြင့် ဘုရားနောက်လိုက်

ဝိညာဉ်၏သစ်လွင်ခြင်း၌

ဘုရားကို သစ်လွင် ဆက်သွယ်။

Verse 6

စစ်မှန်၊ စင်ကြယ်၊ တစ်ခုတည်းသော

စိတ်နှလုံး သခင့်ထံသို့

ဝိညာဉ်ဆင်းရဲ စဉ်မြဲရှာဖွေ

ဘုရားကို စဉ်မြဲဆက်သွယ်။

Verse 7

စိတ်နှလုံး မေတ္တာ၌ သစ်လွင်

ဝိညာဉ်ပို၍ သန်စွမ်းစေ

ဝိညာဉ်၏သစ်လွင်ခြင်းအားဖြင့်

ကိုယ်တော်ကို မပြတ်ထိတွေ့။

Hymn details

Key: D Major

Audio