သုံးပါးတစ်ပါး၏ ဝိညာဉ်တော်
အတွင်းအသက်၏ပုံပန်းသဏ္ဌာန်အမျိုးမျိုး-ကျိုးပဲ့ခြင်းနှင့် လွတ်မြောက်စေခြင်း
Verse 1
သုံးပါးတစ်ပါး၏ ဝိညာဉ်တော်
ကျွန်ုပ်တို့ဝိညာဉ်တွင်း နားခို
ကျွန်ုပ်တို့မှ စီးဆင်းလိုပေ
ခရစ်တော်၌ ဘုရားထင်ရှား။
Verse 2
အပြင်ပိုင်း ဇာတိလူအားဖြင့်
ဝိညာဉ်တော် အတွင်းချုပ်နှောင်ခံ
ကိုယ်တော်အား အိမ်ဖြစ်မည့်အစား
ကိုယ်တော်ဖို့ အကျဉ်းထောင်ဖြစ်လာ။
Verse 3
ကိုယ်တော်သည် ဖိုးထိုက်ဘဏ္ဍာဖြစ်
မြေကြီးတန်ဆာ၌ ထည့်ဝင်ခံ
ထိုတန်ဆာ ကွဲအက်ခြင်းရှိမှ
ဘဏ္ဍာသည် ထင်ရှားထွက်ပေါ်လာ။
Verse 4
အို သခင်၊ ဇာတိလူ ချိုးဖဲ့
အပြင်လူက ကြန့်ကြာစေနေ
အကုန်အစင် ချိုးဖဲ့ရမည်
ထိုမှ ဝိညာဉ်တော် လွတ်မြောက်လာ။
Verse 5
ဤအတွက် သခင်ဘုရားသည်
ကျွန်ုပ်တို့ဖို့ တိုင်းတာပေးထား
ပတ်ဝန်းကျင် ဒုက္ခဆင်းရဲများ
သို့မှ ပြင်လူ ကိုယ်တော်ချိုးဖဲ့။
Verse 6
အပြင်လူ၊ အတ္တနှင့် စိတ်သည်
ကုန်ဆုံးသွား၍၊ ဆုတ်ယုတ်ရမည်
အတွင်းလူ ကျွန်ုပ်တို့ဝိညာဉ်
ဝိညာဉ်တော်ဖြင့် လွတ်မြောက်လာမည်။
Verse 7
သခင်၊ သန့်ရှင်းသော ချိုးဖဲ့ခြင်း
အကောင်းပကတိမှ ကယ်နုတ်
ကိုယ်တော်ပေးရာ အလိုရှိစေ
ကျွန်ုပ်စိတ်ကို ဒဏ်ရာပေးခြင်း။
Verse 8
အို၊ တန်ဖိုးထားတတ်စေမူပါ
ချိုးဖဲ့ခြင်းကို၊ ညည်းညူမရှိ
ကျွန်ုပ်ပို၍ တန်ဖိုးထားရန်
ရယူခြင်းထက် ဆုံးရှုံးခြင်းများ။
Hymn details
Key: D Major
Audio