သားအရာသို့ ဘုရားစီမံ
အတွင်းအသက်၏ပုံပန်းသဏ္ဌာန်အမျိုးမျိုး - သားဖြစ်စေခြင်း
Verse 1
သားအရာသို့ ဘုရားစီမံ
ဖန်ဆင်းခြင်း မတိုင်မီက
ဝိညာဉ်တော်ဖြင့် သဏ္ဌာန်ပြောင်းစေ
သားတော်၏ သဏ္ဌာန်တော်သို့၊
ချစ်သောတစ်ပါးတည်းသားတော်အား
သားဦးဖြစ်လာစေမူပြီ
ကိုယ်တော်ဖြင့် များစွာသော ညီများ
ကိုယ်တော်ကို ပြည့်ဝထင်ရှား။
Verse 2
ဘုရားဆိုင်ရာ အသစ်မွေးကာ
ဘုရားသားများဖြစ်လာကြ
ပြည့်ဝစွာ ကြီးရင့်ရန် လိုအပ်
သားဦးအရာ ရရှိရန်
မွေးဖွားကာ ပြည့်ဝကြီးရင့်လာ
ဘုရားသားဖြစ်ခြင်း မျှဝေရ
ပြည့်ဝရင့်ကျက်လာခြင်းအားဖြင့်
ဘုရားသားအရာ ကြွေးကြော်။
Verse 3
ဝိညာဉ်၊ စိတ်နှင့် ခန္ဓာ အားလုံး
ခရစ်တော်ထံ သဏ္ဌာန်တူ
ဤရာသည် ပြည့်ဝပြည့်စုံလာ
ဘုန်းကြီးသခင်မြင်ရချိန်
ခန္ဓာ ပြည့်ဝရွေးနုတ်ခြင်းဖြင့်
သားဖြစ်စေခြင်း ပြည့်စုံလာ
နောက်ဆုံးသဏ္ဌာန်ပြောင်းလဲခြင်းဖြင့်
ဘုရားကြံစည် ပြည့်စုံစေ။
Verse 4
နောက်ဆုံးသဏ္ဌာန်ပြောင်းလဲခြင်းသည်
ကျွန်ုပ်တို့ သန့်ရှင်းစင်ကြယ်
ဘုရားသည် ဘုန်းတော်ထဲသို့ ခေါ်
သားတော်နှင့် ထပ်တူညီစေ
ဖန်ဆင်းခြင်းအားလုံး စောင့်မျှော်နေ
ဘုရားသားများ ထင်ရှားဖို့
သို့မှ ချည်နှောင်ရာမှ လွတ်ကာ
ဘုန်းထင်ရှားလွတ်မြောက်ခြင်းသို့။
Hymn details
Key: D Major
Audio