M602E723KC602MT602

ဝန်ထုပ်လေးလံသောခါ ကျေးဇူးတော် ပို၍ပေး

ဒုက္ခဆင်းရဲ၌ နှစ်သိမ့်မှုပေးခြင်း- ဒုက္ခဆင်းရဲအတွက် ကျေးဇူးတော်အားဖြင့်

21

Verse 1

ဝန်ထုပ်လေးလံသောခါ ကျေးဇူးတော် ပို၍ပေး

အလုပ်များလာသောခါ ခွန်အား ပို၍ပေး

ညှဉ်းပန်းခြင်းပိုများလေ၊ ကရုဏာ ထပ်ဖြည့်လေ

ဘေးဒုက္ခများလေ၊ ငြိမ်သက်ခြင်း ပွားများလေ။

Verse 2

ကျွန်ုပ်တို့ သည်းခံနိုင်စွမ်း ကုန်ခမ်းသွားသောခါ

နေ့တစ်ဝက်မှာပင် ခွန်အားကုန်ခမ်းသောခါ

ကျွန်ုပ်တို့သိုမှီးရာများ ကုန်ခမ်းလာသောခါ

ခမည်းတော် ပြည့်ဝ ပေးခြင်း အစပြုလာ။

Verse 3

မေတ္တာတော် ကန့်သတ်မဲ့၊ ကျေးဇူးတော် တိုင်းဆမဲ့

တန်ခိုးတော်သည် လူတို့သိခြင်းထက် ကျော်လွန်

ယေရှု၌ ဆုံးစမဲ့ ကြွယ်ဝခြင်းများထဲက

ထပ်တိုး၍ အကြိမ်ကြိမ် ပေးအပ်လျက်နေပြီ။

Hymn details

Key: D Major

Audio