M603E733KC603MT603

လှပဧဒင်ဥယျာဉ်ထဲမှာ

အတွင်းအသက်၏ပုံပန်းသဏ္ဌာန်အမျိုးမျိုး- အပင်နှစ်ပင်

21

Verse 1

လှပဧဒင်ဥယျာဉ်ထဲမှာ

လူရှေ့အပင်နှစ်ပင်ချထား

အသက်ပင်နှင့် သိကျွမ်းရာပင်

သခင်နှင့်စာတန် ကိုယ်စားပြု။

Verse 2

အသက်ပင်၏ အလယ်ဗဟို

ဘုရားထာဝရကြံစည်တော်

ခရစ်၌ဘုရား အသက်ဖြစ်

လူသည် လက်ခံယူရန်ဖြစ်ရာ။

Verse 3

ထိုနေရာမှ သိကျွမ်းရာပင်

သတိပေးချက် စကားပြောကြား

ဘုရားပြင်ပမှ အရင်းမြစ်

ရွေးချယ်သူကို သေခြင်းဖြစ်လေ။

Verse 4

လူသည် အသက်ပင် စားသုံးလျှင်

ဘုရားကို အသက်ဖြစ် ရရှိ

ဖိုးထိုက်ကျောက်များဖြစ် သဏ္ဌာန်ပြောင်း

ဘုရားအလို ကြံစည်ပြည့်စုံ။

Verse 5

သိကျွမ်းရာပင်ကို ရွေးချယ်လျှင်

စာတန်သည် လူထဲသို့ ဝင်လာ

အပြစ်ယူဆောင် သေခြင်းတွေ့ကြုံ

ဘုရားကြံစည် မဖြည့်ဆည်းနိုင်။

Verse 6

ဘုရားသခင် တစ်ပါးတည်းသာ

အသက်နှင့်လေ၏ အရင်းမြစ်

အခြားအရာ ထိတွေ့ခြင်းမှာ

သိကျွမ်းရာနှင့် သေခြင်း ရင်းမြစ်။

Verse 7

အသိသည် သေခြင်းကို ယူဆောင်

အဆိုးနှင့် ကောင်းခြင်းဖြစ်ငြားလည်း

ဘုရားမှလွဲ၍ အခြားရာ

စာတန်လှည့်စားခြင်း အသီးသာ။

Verse 8

အဆိုးမက ကောင်းခြင်းသည်လည်း

ခရစ်တော်နှင့် ဆန့်ကျင်ရာဖြစ်

အဆိုးကို သိခြင်းမျှမက

ကောင်းခြင်းပင်လျှင် ခရစ် ဆန့်ကျင်။

Verse 9

ကိုယ်တော်ကိုသာ ထိတွေ့စေပါ

အသက်တော်ဖြင့် ကျွန်ုပ်တို့ဖြည့်

ကောင်းခြင်းဆိုခြင်း မထိတွေ့ဘဲ

ကိုယ်တော်မှလွဲ၍ မထိတွေ့။

Hymn details

Key: D Major

Audio