''ကိုယ်တော်ကို ဆင်ခြင်''၊ ခရစ်တော် စံနှုန်း
ခွန်အားပေးခြင်း- ခရစ်တော်ကို ဆင်ခြင်ရန်
Verse 1
''ကိုယ်တော်ကို ဆင်ခြင်''၊ ခရစ်တော် စံနှုန်း
ကိုယ်တော်သည် သင့်အား နားလည်စေမူပြီ
အသက်တော်၊ ဘုရားတန်ခိုးတော် မျှဝေ
သင့်သခင်၏ သဏ္ဌာန်ကို ထွန်းလင်းစေ။
Verse 2
''ကိုယ်တော်ကို ဆင်ခြင်''၊ တစ်နေ့ပြီးတစ်နေ့
အနိမ့်ဆုံးနေရာရှာ၍ နေပါလေ
ဆိုးညစ်အရာများကို ရှင်းထုတ်ပါလေ
ခမည်းတော်၏နာမတော် ဘုန်းကြီးစေ။
Verse 3
အို ဘုရားသား၊ မကြောက်ဘဲ ရှေ့သို့တက်
ယေရှုနှင့် သေခြင်းထဲသို့ ဝင်ရောက်လေ
အဆုံးမဲ့ အသက်တန်ခိုးစတင်ပြီ
အတ္တနှင့် အပြစ်မှ လွတ်မြောက် ဘုန်းတော်။
Verse 4
''ကိုယ်တော်ကိုဆင်ခြင်''၊ သင့်အသက်တာသည်
မိမိကိုယ်ပူဇော်ကာ ဖြူစင်ခြင်းပြည့်
စံနှုန်းဖြစ် ဘုရားသည် သင်၌ လုပ်ဆောင်
ခရစ်တော်၏စံနှုန်း သင်၌မြဲရှိ။
Verse 5
''ကိုယ်တော်ကို ဆင်ခြင်''၊ ပြေးပွဲ၌ ပြေးစဉ်
မျက်နှာတော်ကို အစဉ် မျှော်ကြည့်လျှက်နေ
သင်သည် သဏ္ဌာန်ပြောင်း၊ အလင်းထွန်းလင်းမည်
ခရစ်တော်၏သဏ္ဌာန် သင်၌ မြင်ရ။
Hymn details
Key: C Major
Audio