ကားတိုင်ကို ယူဆောင်လျှင် ဒုက္ခခံရမည်လော
ကားတိုင်လမ်း- ကားတိုင်၏အဓိပ္ပာယ်
21
Verse 1
ကားတိုင်ကို ယူဆောင်လျှင် ဒုက္ခခံရမည်လော
ကားတိုင်ယူဆောင်လျှင် ကျွနု်ပ်တို့ သေမည်အမှန်
ကားတိုင်အဓိပ္ပာယ်မှာ ကျွနု်ပ်တို့ သေစေရန်
ကားတိုင် တွေ့ကြုံလျှင် အတ္တသည် ကားတိုင်တင်ခံ။
Verse 2
ဘုရားလွတ်မြောက်စေခြင်းမှာ ကားတိုင်အားဖြင့်သာ
ကြမ်းတမ်းသည်ထင်ရလည်း လွတ်ခြင်းကို ပေးမူပြီ
ကားတိုင်မှရှောင်ပြေးလျှင် ခရစ် အသက်မရ
ကျွန်ုပ်တို့ဆုတ်ယုတ်မှ ခရစ်တော် ထင်ရှားမည်။
Verse 3
ကားတိုင်နောက်ဆုံးပန်းတိုင် ဘုရားအလို ပြည့်စုံ
အလိုတော်၏ ရန်သူမှာ ကျွနု်ပ်တို့အတ္တ
အတ္တအဆုံးသတ်ကာ စိတ်အသက် သေသောခါ
ဘုရားအလို ထင်ရှားကာ၊ ကြံစည်တော် ပြည့်စုံ။
Hymn details
Key: D Major
Audio