ကန့်လန့်ကာထဲဝင်၊ စခန်းအပြင်ထွက်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း- ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်း
Verse 1
ကန့်လန့်ကာထဲဝင်၊ စခန်းအပြင်ထွက်
ကောင်းကင်ချိုမြိန်ခြင်း မြည်းစမ်း၊ လောကစွန့်
သန့်ရှင်းဆုံးဌာန ကျွနု်ပ်ကျေနပ်ရာ
မြေကြီး၏ချည်းနှီးအရာ စွန့်လွှတ်လေ။
Verse 2
ကန့်လန့်ကာထဲဝင်၊ စခန်းအပြင်ထွက်
ကောင်းကင်မျက်မှောက်တော်ဖြင့် မြေကြီးစွန့်ခွာ
ကောင်းကင်ဘုန်းတော်ဖြင့် ဝိညာဉ်ကို ဆွဲဆောင်
စိတ်နှလုံး၌ မြေကြီးရာ မရှိတော့။
Verse 3
ကန့်လန့်ကာထဲဝင်၊ ခရစ်တော် ရှုမျှော်
စခန်းမှထွက်ကာ၊ ယေရှုဦးဆောင်စေ
ဝိညာဉ်၌ ပလလင်တော်နှင့် သရဖူ
ကားတိုင်သည် ကျွနု်ပ်ကို မတားဆီးနိုင်။
Verse 4
ကန့်လန့်ကာထဲဝင်၊ ထမြောက်ခြင်းတန်ခိုး
စခန်းမှထွက်ကာ၊ ကားတိုင်ကို ထမ်းမည်
ကောင်းကင်မှ မျက်နှာတော် ထွန်းလင်းလာရာ
ခြေလှမ်းတော်ကို ကျွနု်ပ်သည် လိုက်လျှောက်မည်။
Verse 5
ကန့်လန့်ကာထဲဝင်၊ ကောင်းကင် ပွဲတော်၌
စခန်းမှထွက်လာ၊ ဒုက္ခဆင်းရဲခံ
မြေကြီးဒုက္ခများ စိတ်နှလုံးနာကျင်
ကောင်းကင် ဆက်နွှယ်ခြင်း ဝိညာဉ်ဝမ်းမြောက်လေ။
Verse 6
ကန့်လန့်ကာထဲဝင် ခရစ်တော် မွေ့လျော်
စခန်းမှထွက်ကာ၊ လူများကို မစ
ကောင်းကင်မှအသက် ကျွန်ုပ်အားဖြင့် ရှင်
မြေကြီးပေါ်လူများ ကောင်းချီးခံ ဝမ်းမြောက်။
Verse 7
ကန့်လန့်ကာထဲဝင်၊ အဆုံးတိုင်အောင်နေ
စခန်းမှထွက်ကာ အားလုံးပြီးသည့်တိုင်
ကောင်းကင်နှင့် မြေကြီး ပေါင်းစည်းသွားသည့်တိုင်
ဘုရားနှင့်လူသည် အတူကိန်းဝပ်မည်။
Hymn details
Key: D Major
Audio