M59E61KC59MT59

အိုသခင်ရှင်၊ လူသားဖြစ်မူ

သခင်ဘုရားကိုချီးမွမ်းခြင်း - ဘုရားဇာတိ

21

Verse 1

အိုသခင်ရှင်၊ လူသားဖြစ်မူ

လူသားဇာတိခံယူခဲ့ပြီ

အပျိုကညာမှမွေးဖွားလာ

အသွေးအသားယူတင်ဝတ်ဆင်။

Verse 2

နိမ့်ကျလူသားသဏ္ဌာန်ဆောင်ယူ

ဒုက္ခပြည့်မြေကြီးပေါ်လျှောက်ခဲ့

လူသားအသက်ရှင်ခြင်းဖြတ်သန်း

ဆင်းရဲဒုက္ခအတိကြုံခဲ့။

Verse 3

နွားစာခွက်၌ ဖွားမြင်လာခဲ့

ဆင်းရဲမှု၌ သူငယ်ကြီးပြင်း

လက်သမားအလုပ်ကို လုပ်ခဲ့

အသေခံသည့်တိုင် သည်းခံခဲ့။

Verse 4

ထို့နောက်သေခြင်းမှထမြောက်ခဲ့

လူသားဇာတိအမှန်ရှိနေ

ဘုရားသဏ္ဌာန်၌ လူသားသည်

ထက်ကောင်းကင်သို့ တက်ကြွမူပြီ။

Verse 5

လုံးစုံအထက်၊ ပလ္လင်တော်ပေါ်

ဘုန်းထင်ရှားယူ လူသားဖြစ်မူ

အလင်း၌ ဘုရားနှင့်လူသား

ဘုရားသခင်ကျေနပ်မူပြီ။

Verse 6

ဘုန်းတော်ဖြင့် တဖန်ကြွလာမည်

လူသားအဖြစ် ပေါ်လွင်ထင်ရှား

ဘုရင်တကာဘုရင်၊ ဘုန်းကြီး

လူသားဇာတိ၊ လူတို့မြင်ရ။

Verse 7

ကောင်းကင်သစ်နှင့်မြေကြီးသစ်၌

ရာအားလုံး၏အလယ်ဗဟို

ဘုရားနှင့်လူ တစ်လုံးတစ်ဝ

ထာဝရတိုင် အတူတည်နေ။

Hymn details

စာသား: Witness Lee

သံစဉ်: Ludwig van Beethoven

Meter: 8.8.8.8.

Key: Ab Major

Time: 3/4

Audio