M598E535KC598MT598

အရာခပ်သိမ်း ဖြစ်နိုင်ပါ၏

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း- အရာအားလုံးလုံလောက်ပြည့်စုံသောအရှင်

21

Verse 1

အရာခပ်သိမ်း ဖြစ်နိုင်ပါ၏

ယေရှုနာမ၌ ယုံသူဖို့

နာမတော်ကို ချည်းနှီးမဆို

သမ္မာတရား နှစ်သက်လက်ခံ

ကိုယ်တော်၌ ကျွန်ုပ်ယုံကြည်၏

ကျွန်ုပ်ဖို့ ခပ်သိမ်း ဖြစ်နိုင်သည်။

Verse 2

ခပ်သိမ်းထက် မဖြစ်နိုင်ဆုံးသော

အပြစ်အုပ်စိုးခြင်း ရပ်တန့်ရန်

သို့သော် ဖြစ်နိုင်၏၊ ကျွန်ုပ်သိ

ယေရှုသစ္စာတော်၌ ကိုးစား

ကိုယ်တော်ဖို့ ခက်ခဲရာမရှိ

ကျွန်ုပ်ဖို့ ခပ်သိမ်း ဖြစ်နိုင်သည်။

Verse 3

မြေကြီး၊ ငရဲ နှုတ်တော် ငြင်းလည်း

ဘုရားနှုတ်တော် မပျက်စီးနိုင်

အပြစ်သံကြိုး သခင်ချိုးဖျက်

မဖြစ်နိုင််လည်း ပြုခဲ့အမှန်

မဖြစ်နိုင်သော အရာရှိလည်း

ကျွန်ုပ်ဖို့ ခပ်သိမ်း ဖြစ်နိုင်သည်။

Verse 4

ဘုရားဖို့ ခပ်သိမ်း ဖြစ်နိုင်၏

ခရစ်၊ လူ၌ ဘုရားတန်ခိုး

ကျွန်ုပ်သည် အသစ်ပြုပြင်ခံ

ခရစ်တော်၌ သဏ္ဌာန်ပြောင်းလဲ

အပြစ်အုပ်စိုးမှုမှ လွတ်ပြီ

ကျွန်ုပ်ဖို့ ခပ်သိမ်း ဖြစ်နိုင်သည်။

Verse 5

ဘုရားဖို့ ခပ်သိမ်း ဖြစ်နိုင်၏

ခရစ်၊ ကျွန်ုပ် ဘုရားတန်ခိုး

တန်ခိုးကြီး ကိုယ်တော်ဖြင့် ယခု

ကျွန်ုပ်မရှင် ကိုယ်တော်သာရှင်

ကိုယ်တော်၌ ဤရာ သက်သေပြ

ချိုမြိန်မေတ္တာ တတ်စွမ်းတန်ခိုး။

Hymn details

Key: G Major

Audio