ယေရှု၊ ကျွန်ုပ်၏ ရင်းမြစ်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း- အရာခပ်သိမ်းဖြစ်ခြင်း
21
Verse 1
ယေရှု၊ ကျွန်ုပ်၏ ရင်းမြစ်
နှလုံးရွှင်လန်းရာ ရင်းမြစ်
နံနက်ရောင်ခြည်တောက်ပခြင်း
ညအချိန်မှာ နှစ်သိမ့်ရာ
ကိုယ်တော်ကို မြင်လျှင် နိုးထ
မိုးတိမ်ကင်း မျှော်လင့်ခြင်းသို့။
Verse 2
အို၊ မောပန်းခဲ့သောနှစ်များ
ကိုယ်တော်ကို မသိခင်က
ကြောက်ရွံ့စိတ် မည်မျှမှုန်မှိုင်း
ကျွန်ုပ်တစ်ဦးတည်း ဖြစ်ချိန်
မုန်တိုင်းကို ရင်ဆိုင်မဝံ့
ခြေတော်ဖြင့် ရေလှိုင်းငြိမ်သက်။
Verse 3
နက်နဲရာပေါ် မျက်မှောက်တော်
ပင်လယ်လှိုင်းကို ငြိမ်သက်စေ
ရေသည် ငြိမ်သက်လဲလျောင်းရာ
ကိုယ်တော်ကို မြင်ကြရချိန်
ယခင် ပုန်ကန်သောအလို
ငြိမ်းစေရန် မိန့်မှာသံကြား။
Verse 4
ယခု အလိုတော် ထပ်တူ
စိတ်နှလုံးအတူ၊ လက်တွဲ
မိုးတိမ်ကင်းစင် နေထွန်းလင်း
သင်္ဘောအားလုံး ကုန်းသို့ရောက်
မေတ္တာတော်သည် မိန့်တော်မူ
ညမရှိ၊ ပင်လယ်မရှိ။
Hymn details
Key: D Major
Audio