သက်စမ်းရေတွင်းသို့ ကျွနု်ပ်ရောက်လာ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း- အရာခပ်သိမ်းဖြစ်ခြင်း
Verse 1
သက်စမ်းရေတွင်းသို့ ကျွနု်ပ်ရောက်လာ
ထက်မှစီးသော စမ်းရေတွင်းဖြစ်
ရုန်းကန်ခြင်းရေမှ ဖြတ်ကျော်လာကာ
ချစ်ခြင်း၏ ဧလိမ်သို့ ရောက်လာ
ကောင်းကင်ဆိုင်ရာရေတွင်းကို သောက်သုံး
ကျွန်ုပ်တွင်းနက်နဲမှ စီးထွက်
မည်သူမျှ တိုင်းတာ၊ ဖော်ပြ မရ
နှစ်သိမ့်ပေးသူ၏ ဝမ်းမြောက်ခြင်း။
chorus
အသက်စမ်းရေတွင်းသို့ လာပါ
ခန်းခြောက်မသွားသော စမ်းရေတွင်း
ကြွယ်ဝသောမစမှု သောက်သုံး
ခရစ်တော် အသက်စမ်းရေတွင်း။
Verse 2
အသွေးတော်စမ်းရေတွင်းသို့ ရောက်လာ
ပြစ်မှား၊ ညစ်ညူးခြင်းတွက် စီးနေ
အပြစ်ဆေးကြောရေ၌ ဆေးကြောခံ
ကျွန်ုပ်ဝတ်ရုံ နှင်းပွင့်ထက်ဖြူ
ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းမဟုတ်ပါ
ယေရှု ကျွန်ုပ်စိတ်၌ သက်ရှင်
ဘုရားဇာတိကို ကျွန်ုပ်ယူဆောင်
ကိုယ်တော်၌ ပြည့်ဝစုံလင်ပြီ။
chorus
အသက်စမ်းရေတွင်းသို့ လာပါ
ခန်းခြောက်မသွားသော စမ်းရေတွင်း
ကြွယ်ဝသောမစမှု သောက်သုံး
ခရစ်တော် အသက်စမ်းရေတွင်း။
Verse 3
ရောဂါငြိမ်းစမ်းရေတွင်းသို့ ရောက်လာ
ကြွယ်ဝ၊ ကန့်သတ်မဲ့ မစမှု
လူ၏ပညာနှင့် ကြွယ်ဝမှုက
မရှာဖွေနိုင်၊ မဝယ်ယူနိုင်
ကျွန်ုပ်သခင် လျှို့ဝှက်ချက် ဖွင့်ပြ
နံဘေးတော်မှစီး စမ်းရေတွင်း
ဒဏ်ချက်ရာဖြင့် ကျွန်ုပ် အနာငြိမ်း
ကိုယ်တော်ကိုယ်တိုင်၌ ကိန်းဝပ်တည်။
chorus
အသက်စမ်းရေတွင်းသို့ လာပါ
ခန်းခြောက်မသွားသော စမ်းရေတွင်း
ကြွယ်ဝသောမစမှု သောက်သုံး
ခရစ်တော် အသက်စမ်းရေတွင်း။
Verse 4
ဝမ်းမြောက်ခြင်းစမ်းရေတွင်းသို့ ရောက်လာ
ဝမ်းမြောက်ခြင်း စိတ်နှလုံးခွန်အား
ရောနှောမရှိ ဝမ်းမြောက်ရွှင်လန်းခြင်း
နေရောင်ထွန်းလင်း ဘယ်ခါမစွန့်
သဖန်းပင် ခြောက်သွေ့ သေဆုံးသွားလည်း
မြေကြီးပျော်ရွှင်ရာ လျော့ပါးလည်း
ကျွန်ုပ် စမ်းရေတွင်း ခန်းခြောက်မသွား
ကျွန်ုပ်ဝေစု ဘုရားဆိုင်ရာ။
chorus
အသက်စမ်းရေတွင်းသို့ လာပါ
ခန်းခြောက်မသွားသော စမ်းရေတွင်း
ကြွယ်ဝသောမစမှု သောက်သုံး
ခရစ်တော် အသက်စမ်းရေတွင်း။
Hymn details
Key: C Major
Audio