ခရစ်တော် ဘုရား ဗဟို
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း- ဘုရားသခင်၏အလယ်ဗဟိုနှင့်စကြဝဠာဆိုင်ရာဖြစ်ခြင်း
Verse 1
ခရစ်တော် ဘုရား ဗဟို
စကြဝဠာဆိုင်ရာဖြစ်
ဘုရားနှစ်သက် ဝမ်းမြောက်ရာ
ထာဝရကာလတစ်လျှောက်
Verse 2
ဘုရား၏ကိုယ်ထင်ရှားခြင်း
ဘုရားပြည့်ဝခြင်းကိန်းဝပ်
တုနှိုင်းရာမဲ့ကြီးမြတ်ခြင်း
မည်ရာမျှ တုပြိုင်မရ။
Verse 3
ဘုရားကြံစည် ကိုယ်တော်တွက်
ကိုယ်တော် အလုံးစုံဖြစ်ရန်
မြေကြီး ကောင်းကင် ရှိသမျှ
ကိုယ်တော်နှင့်အတူ ဖြစ်လာ။
Verse 4
ဖန်ဆင်းခြင်း ခရစ်တော်တွက်
ခပ်သိမ်းကို ကိုယ်တော်ပြုလုပ်
ကိုယ်တော်ဖြင့် ခပ်သိမ်းဖြစ်တည်
ဝင်ရိုးနှင့် အဝန်းလည်းဖြစ်။
Verse 5
ရွေးနုတ်ခြင်း၌ အားလုံးဖြစ်
ကိုယ်တော်ဖြင့် အားလုံး သင့်မြတ်
သွေးတော်ဖြင့် အားလုံးတို့သည်
ဘုရားနှင့် ယခု သင့်မြတ်။
Verse 6
ကိုယ်တော်သည် အစအဦး
အသင်းတော်၏ ဦးခေါင်းတော်
အသက်နှင့် ပါဝင်ရာဖြစ်
သေသောသူမှ သားဦးဖြစ်။
Verse 7
ဘုရားနိုင်ငံ၌ ဘုရင်
တန်ခိုးအားလုံးကို ပေးထား
ဘုန်းတော်၌ ကိုယ်တော်စိုးစံ
မြေကြီးနှင့် ကောင်းကင်အပေါ်။
Verse 8
ကောင်းကင်သစ် မြေကြီးသစ်၌
ကိုယ်တော်သည် အလယ်ဗဟို
ဘုရားနှင့် လူသားအဖို့
ထာဝရ ကာလတစ်လျှောက်။
Verse 9
ခပ်သိမ်း၌ ဘုရားရည်ရွယ်
ခရစ်တော် ဦးဆုံး ဖြစ်ရန်
အားလုံးပါဝင် ခရစ်တော်
ကျွန်ုပ်တို့ တွေ့ကြုံခံစား။
Hymn details
Key: D Major
Audio