M594E494KC594MT594

ခရစ်တော်သည် သက်သေခံချက်

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း- ဘုရားသခင်၏သက်သေခံချက်

21

Verse 1

ခရစ်တော်သည် သက်သေခံချက်

ဘုရား၏ အနှစ်သာရဖြစ်

ဘုရားဘုန်းတော် ပြည့်ဝထင်ရှား

ကိုယ်တော်၌ ဘုရားကို မြင်ရ။

Verse 2

သက်သေခံချက် ပို၍ ပြည့်စုံ

ပညတ်သက်သေထက် သာလွန်နေ

ပညတ်၌ စာသားသက်သက်ရှိ

ဘုရားသက်ရှင်တန်ခိုး မပါ။

Verse 3

ဘုရားဇာတိ၏ ပြည့်ဝခြင်း

ကိုယ်တော်၌ ကိန်းဝပ်တော်မူပြီ

ဘုရားသည် ပြည့်ဝကိုယ်ထင်ရှား

ဘုရားထည့်ဝင် ကိန်းဝပ်ရာဖြစ်။

Verse 4

ခမည်းတော်ဘုရား ထင်ရှားစေ

ဘုရားဘုန်းတော်ကို ပြသမူ

ကိုယ်တော်၌ ပြီးမြောက်ပြည့်စုံခြင်း

ခမည်းတော်စိတ်နှလုံး မြင်ရ။

Verse 5

ခရစ်တော် ယခု ဝိညာဉ်တော်

ကျွန်ုပ်တို့၏ စဉ်မြဲဝေစု

ဝိညာဉ်၌ ကိုယ်တော်ကို ယူဆောင်

ဘုရားဖြစ်ခြင်းအားလုံး မျှဝေ။

Hymn details

Key: D Major

Audio