M593E481KC593MT593

ကယ်တင်ရှင် ခရစ်တော်နှင့်သေ

ခရစ်တော်နှင့်ပေါင်းစည်းခြင်း-ကိုယ်တော့်အသေခံခြင်း၊ ထမြောက်ခြင်းနှင့် ထပ်တူညီခြင်း

21

Verse 1

ကယ်တင်ရှင် ခရစ်တော်နှင့်သေ

လောက၊ အတ္တ၊ အပြစ်ပါ

ယေရှုသေခံ မွေးဖွားအသက်

ချိုမြိန်ခြင်းထံ ဝင်ရောက်ရ

ကိုယ်တော့် ဒုက္ခ ဆင်းရဲဆက်ဆံ

သေခြင်းသဏ္ဌာန်သို့ ပြောင်းလဲ

ကယ်တင်ရှင်နှင့်အတူ လျှောက်လှမ်း

ကာရာနီလမ်း ရှေ့ရှုလှမ်း။

chorus

ကာရာနီလမ်း ရှေ့ရှုလှမ်း

ကျွန်ုပ်တွက် ကိုယ်တော်တက်ခဲ့

ကိုယ်တော်နှင့်တက်ရန် ကူမပါ

ကာရာနီလမ်း ရှေ့ရှုလှမ်း။

Verse 2

ကိုယ်တော်နှင့် သေခံရန် လွယ်ကူ

ထမြောက်အသက်တော် သိစဉ်

ဒုက္ခဆင်းရဲ ဆက်ဆံလွယ်ကူ

စိတ်နှလုံး ဝမ်းမြောက် လျှံစဉ်

ထမြောက်ခြင်း တန်ခိုးတော်၌

ကျွန်ုပ်၌ ကိုယ်တော်ကိန်းဝပ်

ကျွန်ုပ်စိတ်နှလုံး ဝမ်းမြောက်စွာ

ကာရာနီလမ်း ရှေ့ရှုလှမ်း။

chorus

ကာရာနီလမ်း ရှေ့ရှုလှမ်း

ကျွန်ုပ်တွက် ကိုယ်တော်တက်ခဲ့

ကိုယ်တော်နှင့်တက်ရန် ကူမပါ

ကာရာနီလမ်း ရှေ့ရှုလှမ်း။

Verse 3

သေခံလျှင် ခရစ်တော်နှင့်ရှင်

ဒုက္ခခံသော် စိုးစံရ

ဘုန်းမျှော်လင့်ရာ ဆုလာဘ်တော်ကို

အောင်မြင်သူ ရရှိ အမှန်

အိုချိုမြိန် ဝမ်းမြောက် ထိုနံနက်

သခင်က မိန့်တော်မူမည်

''ငါ့သား သင်သည် သက်တာတစ်လျှောက်

ငါနှင့် ကာရာနီလမ်းလျှောက်''။

chorus

ကာရာနီလမ်း ရှေ့ရှုလှမ်း

ကျွန်ုပ်တွက် ကိုယ်တော်တက်ခဲ့

ကိုယ်တော်နှင့်တက်ရန် ကူမပါ

ကာရာနီလမ်း ရှေ့ရှုလှမ်း။

Hymn details

Key: D Major

Audio